Chapter 12

3.4K 355 1
                                    

Chapter 12 အစားအစာတွေဘယ်ကရတာလဲ

အချိန်တွင် ယုမိန် သည်သူမ၏ ဗိုက်ကိုထိန်းကာ အကြောင်းအရာကိုဆက်ပြောသည်။

ရှုလန် က “ အဒေါ်မိန် ငါ့အဖေကရဲဘော်ရဲ့စိတ်ဓာတ်ရှိရမယ်လို့ မနေ့ကပြောခဲ့တယ်။ ငါကလူတွေကို မကူညီပါဘူး။ ဘာလို့ဆို ငါအဲ့လိုမျိုးထပ်ပြီး မလုပ်ချင်တာကြောင့်ပဲ။ ငါသာလက်ခံမယ်ဆို ဘယ်လိုဆက်ဖြစ်သွားမလဲမသိနိုင်ဘူး လူတွေကရောဘာပြောကြမှာလဲ၊ ငါကလူတွေကိုရည်ရွယ်ချက်ရှိရှိ ကယ်တင်တယ်လို့လေ။  လူတွေရဲ့ပါးစပ်ကအကျည်းတန်တဲ့စကားနဲ့ ငါ့သိက္ခာကို ထိခိုက်စေသလို ငါ့အဖေရဲ့ သိက္ခာကိုလဲထိခိုက်စေမှာ စိုးရတယ် ၊ အဖေကိုသွားပြောချင်သွားပြောလိုက်ပါ ဒါပေမဲ့ အဖေကတော့ ငါဘက်မှာပဲ ရှိနေမှာပဲ”

ယုမိန် သည် ရှုလန် ပါးစပ်မှ ဤကဲ့သို့ သူမအားပြန်ပြောနိုင်မည်ဟုမထင်ထားခဲ့ပါ။ ရှုလန် မြစ်ထဲသို့ကျသွားကတည်းက သူ့မသည်ရုတ်တရက် အခြားလူတယောက်လိုပြောင်းလဲသွားခဲ့သည် ။ ရှုလန်၏  စကားများသည် ယုမိန် ကိုပိတ်ဆို့ထားသောကြောင့် ယုမိန်တွင်ငြင်းခုန်စရာစကား ရှာမတွေ့သဖြင့် ရှုလန် အားဒေါသတကြီးနဲ့ စိုက်ကြည့်နေခဲ့သည်။

ကောင်းပြီ ဒီခွေးမ၊ မင်းစိတ်ရှည်နိုင်တယ်၊ ဝေကောင်း ကမင်းကိုအပြစ်မပြောဘူးဆိုရင်တောင် ဝေကောင်း ကို မင်းကိုရှင်းပစ်ခိုင်းမယ်။

ရှုလန်သည် ယုမိန် ကိုအာရုံမစိုက်တော့ သန့်ရှင်းရေးလုပ်ပြီး စပါးခင်းထဲသို့ တိုက်ရိုက်သွားခဲ့သည်။

ယခုအခါတွင် အလုပ်ခေါင်းဆောင်အား အလုပ်ခန့်ရန် စောင့်မျှော်နေသူအများအပြားရှိသည်။ ခနအကြာတွင် အလုပ်ခေါင်းဆောင်သည် အလုပ်စာရင်းကိုယူကာ အလုပ်များတစ်ခုပြီးတစ်ခုပေးသည်။

ရှုလန် မနေ့ကကောင်းတာလုပ်ခဲ့သဖြင့် အလုပ်ခေါင်းဆောင်ကသူမကို ချီးကျူးခဲ့ပါတယ်။ ထို့အပြင် ရှုလန် ၏ကျန်းမာရေးမှာ အလွန်ကောင်းမွန်ခြင်းမရှိသောကြောင့် အလုပ်ခေါင်းဆောင်က သူမအားနွားထိန်းကျောင်းရန် လွယ်ကူသောအလုပ်တစ်ခုအဖြစ် အထူးတာဝန်ပေးခဲ့သည်။

တပ်မဟာတွင်နွားအနည်းငယ်ရှိပြီး နွားထိန်းခြင်းမှာ အလွယ်ကူဆုံးအလုပ်ဖြစ်သည်။ မြက်မြင်ရာအရပ်၌ နွားကိုဆွဲယူပြီး နွားကိုစားစေသည်။

ဒါပေမဲ့အလုပ်ကအတော်လေးလွယ်သည့်အတွက် အမှတ်သည်လည်း အလွန်နည်းလေသည်။ ယေဘုယျအားဖြင့် တစ်နေ့လျှင် အလုပ်နှစ်ခုသာရှိသည်။ လေးလံသောအလုပ်တချို့လုပ်ကာ အလုပ်ရမှတ်များပိုမိုရရှိခြင်းမှာ ကောင်းမွန်လေသည်။

ဒီလိုအလုပ်မျိုးအတွက် အခက်အခဲတွေကိုကြံ့ကြံ့ခိုင်ပြီး ရိက္ခာပိုရှာချင်သောလူများမလုပ်ကြဘဲ  အလုပ်ကြိုးစားချင်စိတ်မရှိကြဘဲ အချိန်ဖြုန်းသောသူများလုပ်ကြသဖြင့်  ရိက္ခာအများကြီးမရှာနိုင်ကြပါဘူး။ ပျင်းရိခြင်းကို နှစ်သက်သူများသာ ဤအလုပ်လုပ်ရန် မျှော်လင့်ပါသည်။

ကျင်းရှန်းက ဒါကိုသိသိသာသာလေး သတိပြုမိပြီး ရှုလန် အား

“သမီး ရှုလန် နွားသွားထိန်းပါ၊ နောက်မှမင်းကို အလုပ်မှတ်ငါးမှတ်ပေးပါ့မယ်”

မနေ့ကလိုပဲ ကျင်းရှန်း ဟာ ရှုလန် အတွက်အလုပ်မှတ်တွေကို မှတ်တမ်းတင်ခဲ့တယ်။ ကျင်းရှန်း ၏ပုံမှန် နှစ်စင်တီမီတာအထုပ်သည် နှစ်ဆကျော်တိုးလာပြီး လေးလံသောအလုပ် အချို့ကို ပိုလုပ်နိုင်ကာ အလုပ်မှတ်များ ပိုများလာသည်။

ရှုလန် ကလည်း မသိနားမလည်သူ တစ်ယောက် မဟုတ်ပါ။ သူမသည်နွားနှစ်ကောင်ကို ဦးဆောင်ကိုကျေးဇူးတင်စကားပြောကြားကာ နွားများကို ကျောင်းလိုက်လေသည်။

အကြီးစားသံမဏိလုပ်ငန်းသည် နှစ်အနည်းငယ်ကြာအောင် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေပြီး တပ်မဟာတွင်စိမ်းလန်းစိုပြည်သော အသီးရွက်များရှိသည့် နေရာများအလွန်နည်းပါးသည်။ ရှုလန် သည် နွားနှစ်ကောင်ကိုဦးဆောင်ကာ နွားစားကျက်ရန်နေရာကို မတွေ့ရှိမီ အချိန်အနည်းငယ်ကြာအောင် ရှာဖွေခဲ့သည်။ ရှုလန် သည် နွားစားကျက်နှင့် ဘာမှမဆိုင်ပါ။  ရှုလန် သည်ထိုင်ရန်မြက်ခင်းပြင် တစ်ခုကိုရှာတွေ့ပြီး အနာဂတ်တွင် မည့်သို့နေထိုင်ရမည်ကိို တွေးတောနေခဲ့သည်။

သူမလက်ထဲ စားစရာတွေရှိပေမဲ့ ယူထုတ်ဖို့တရားဝင်အကြောင်းပြချက်ကိုရှာရမယ်။ ဟုတ်တယ်။ အများကြီးထုတ်လို့မရဘူး။ သူသံယယဖြစ်စေတဲ့အပြင် အရေးကြီးဆုံးကတော့  ရှုလန် က ယုမိန် ရဲ့ အမေနဲ့သမီး ကိုအခွင့်ကောင်းယူတာ မခံချင်ပါဘူး။

ဒါကိုတွေးရင်း  “ ကောင်မလေး။ရှုလန် မင်းဘာတွေတွေးနေတာလဲ”

ရှုလန် မော့ကြည့်လိုက်တော့ ကျင်းဟွ ဖြစ်သည်ကို တွေ့လိုက်ရသောကြောင့်သူမအပြုံးဖြင့်နှုတ်ဆက်လိုက်သည်။

ကျင်းဟွ သည် မုန်ညှင်းပင်ကို ခုတ်ထစ်ရန် တာဝန်ပေးအပ်ခံရပြီး ဤနေရာတွင်   ရှုလန် ကို တွေ့၍ နှုတ်ဆက်လိုက်သည်။

ရှုလန် က သူမရဲ့သားကို ကယ်တင်ခဲ့သောကြောင့် ကျင်းဟွ သည် ရှုလန် ကို ပိုကြည့်လေ၊ သူမပို၍ ရင်းနှီးလာလေလေဖြစ်သည်။

ကျင်းဟွ မုန်ညှင်းပင်ကိုဖြတ်ရန် အလျင်မလိုသဖြင့်  ရှုလန် ဘေးတွင်ထိုင်ကာ သူတို့နှစ်ဦးသည် စကားအနည်းငယ်ပြောကြလေသည်။

ရှုလန် အချို့သောအကြောင်းအရာများကို တခြားသူများကိုမေးရန် မလွယ်ကူသောကြောင့် ဖြစ်သည်။ ကျင်းဟွ နဲ့ခင်မင်ရင်းနှိးပြီးနောက် ရှုလန် က ကျင်းဟွ ပါးစပ်မှပြောလာမည့်  အခြေအနေကိုလက်ခံကာ သူမ၏ အနာဂတ်နေ့ရက်များအတွက် ပြင်ဆင်ရန်အသင့်ဖြစ်နေခဲ့ပြီ။

“ အဒေါ့်ကို မေးချင်တာက တပ်မဟာမှာ အလုပ်မှတ်ရှာဖို့နဲ့ စားနပ်ရိက္ခာ ဝေငှတာအပြင် စားနပ်ရိက္ခာ ရဖို့တခြားနည်းလမ်းရှိသေးတာလား”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now