Chapter 127

1.9K 208 0
                                    

Chapter-127 သီးစုံ ဝက်အူချောင်းကြော််(၂)

ဒေါ်လေးချန်းက ခေါင်းညိတ်သဘောတူပြီး "ဟုတ်ပ နတ်ဖတ်သလားတောင်မှတ်ရတယ်"

"ဒီကလေးနှစ်ယောက် မြန်မြန် အဆင်ပြေဖို့ မျှော်လင့်ပါတယ်" ဒေါ်လေးချန်းက မျှော်လင့်တကြီးနှင့်ပြောသည်။

ကျောင်းရှုလန်သည် ဝက်၏အူမကြီးကို အကြိမ်ပေါင်းများစွာ သန့်စင်ခဲ့ပြီး ရေများစွာဖြုန်းတီးခဲ့သည်။

ထိုသို့မလုပ်ပါက အနံမှာအရမ်းပြင်းလွန်းနေပြီး စားရန်အဆင်မပြေနိုင်ပေ။

ကျန်းချန်းဟာလည်း ရေတွက်းထဲကရေဆွဲရသဖြင့် နာလာလေသည်။

ကျောင်းရှုလန် နည်းနည်းအားနာသွားပြီး "ရဲဘော် ကျန်း ပင်ပန်းနေပြီလား ရေခပ်လိုက်ရတာ"

ကျန်းချန်း အနည်းငယ် ပြုံးလိုက်ပြီး မျက်နှာကို နေထိုးသဖြင့် ထိုအပြုံးက ပိုမိုတောက်ပနေသဖြင့် ကျောင်းရှုလန် ၏နှလုံးခုန်သံသည် ခုန်ပျံသွားသည်။ အထူးသဖြင့် သူပြုံးလိုက်သောအခါ ဤလူ၏ ရုပ်ရည်ချောမောပုံမှာ အံ့ဩစရာပင်။

သူသည် ရုပ်ရည်ချောမောကာ ထက်မြက်နေဆဲဖြစ်ပြီး ငယ်စဉ်ကတည်းက မီးရထားအင်ဂျင်နီယာတစ်ဦးဖြစ်သည်။

"မပင်ပန်းပါဘူး ဘာကိစ္စရှိလို့လဲ။ အဘိုးကြီးတစ်ယောက်ကလေ ရေနည်းနည်းသောက် ပင်ပန်းနေပြီလို့ ပြောရင် သူ့ကျန်းမာရေးက ဘယ်လောက်မကောင်းလဲတွေးလိုက်"

ကျန်းချန်းက ကျောင်းရှုလန် ရှေ့မှာ ကြွားလုံးထုတ်တာမဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်က အမြဲတမ်းကျန်းမာလွန်းသည်။

ကျန်းချန်းက မီးရထားလုပ်ငန်းနှင့် မီးရထားနည်းပညာများတွင် အမြဲပါဝင်လုပ်ကိုင်နေရသော်လည်း အလုပ်ပိတ်ရက်များတွင် လေ့ကျင့်ခန်းလုပ်သည်။ ထို့အပြင် သူ့အဘိုးက ငယ်ငယ်က စစ်တပ်မှာရှိခဲ့ပြီး သားသမီးတွေကို တပ်ထဲကလို လေ့ကျင့်ပေးရသည်ကို နှစ်သက်ပေသည်။

ထို့ကြောင့် ကျန်းမိသားစုမှ သားသမီးများသည် ကျန်းမာရေး ကောင်းမွန်ကြပြီး ကျန်းချန်းလည်း အားမနည်းပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now