Chapter 78

2.4K 177 4
                                    

Chapter – 78

မိန်းကလေးများနှင့် အဆက်အဆံ သိပ်မရှိခဲ့ပေ။ ရှုလန်က သူ့အနေနဲ့ ပထမဆုံး အဆက်အဆံရှိသည့် မိန်းကလေးဖြစ်သည်။

ရှုလန် လည်း ဘာပြန်ပြောရမည်မသိသောကြောင့် နောက်ထိုင်ခုံတွင် ဆက်ထိုင်နေလိုက်သည်။ စက်ဘီးလေး စတင်ရွေ့လျားသောအခါ လေပြေညင်းလေးက သူတို့ဆံနွယ်တွေကို တိုးဝှေ့ကျီစယ်သည်။

ချန်းက ချောင်းဟန့်ကာ သတ္တိမွေးပြီး စကားစသည်။ “ ရှုလန်၊ ညီမနဲ့ ပြန်တွေ့ရမယ်လို့ အစ်ကိုထင်ထားခဲ့ဘူး။ ကြည့်ရတာ အစ်ကိုတို့တွေ ရေစက်ပါတယ် ထင်ပါရဲ့။ အစ်ကို့ကို မိတ်ဆွေအဖြစ် သဘောထားနိုင်မလား”

“ရတာပေါ့ရှင်”

ဤကဲ့သို့ ခန့်ညားပြီး အစွမ်းအစရှိသူနှင့် မိတ်ဆွေဖြစ်ရသည်မှာ အမြတ်ချည်းပဲဟု ရှုလန် တွေးမိသည်။ လူအမျိုးအမျိုး စိတ်အထွေထွေဆိုသဖြင့် မကောင်းသူ

မဟုတ်သရွေ့ ရလာသမျှ မိတ်ဆွေတိုင်းကို သူမ တန်ဖိုးထားသည်။

“မိတ်ဆွေတွေ ဖြစ်သွားကြပြီဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာကြည့်ရအောင်။ ရှုလန် ဒီနှစ်ဆို အသက် ဘယ်နှနှစ် ပြည့်မှာလဲ”

“၁၇ ပြည့်ပြီးပြီရှင့်။ နောက်သုံးလေးလဆို ၁၈ ပြည့်ပီ”

၁၈နှစ်ပြည့်လျှင် လူကြီးဟု သတ်မှတ်နိုင်သည်။ အမျိုးသမီးတိုင်း ငယ်ရွယ်ခြင်း၏ နုပျိုလှပမှုကို ထာဝရ ခံစားလိုကြသည်။

ရှုလန်အဖြေကို ကြားသောအခါ ချန်းမသိမသာ သက်ပြင်းချမိသည်။ သူက သူမထက် ဆယ်နှစ်တိတိ ပိုကြီးနေသည်။

အရင်ကတော့ သူ့ကိုယ်သူ အသက်ကြီးသည်ဟု တစ်ခါမျှ မတွေးဖူးဘဲ နှစ်ဆယ်ကျော်သာ ရှိသည်ဟု မှတ်ယူထားခဲ့သော်လည်း ယခု ရှုလန်၏ ၁၈နှစ်နှင့် ယှဉ်လိုက်သောအခါ သူ့ကိုယ်သူပင် ဘဝင်မကျချင်တော့။

ကြိတ်ပုန်းဝမ်းနည်းခြင်း ပြီးစီးသောအခါ သူက ထပ်မေးသည်။ “ဘာတွေ ဝါသနာပါလဲ”

ဝါသနာဟုဆိုလျှင် ရှုလန်သည် လေ့ကျင့်ခန်းလုပ်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီဗီဇာတ်လမ်းတွဲများကြည့်ခြင်း အစရှိသည်တို့ ပြုလုပ်လေ့ရှိသည်။ သို့ပေမယ့် ထိုအရာအများစုမှာ ၂၁ရာစုတွင်သာ လုပ်နိုင်ပေရာ စာဖတ်ခြင်း တစ်မျိုးတည်းကိုသာ သူမအနေနှင့် ရွေးချယ်နိုင်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now