Chapter 106

2.4K 260 3
                                    

Chapter 106

ရှုလန်သည် နေရာလွတ်ထဲမှ ကောက်နှံအမျိုးကြမ်းတစ်ချို့၊ ဂျုံဖွဲနုတစ်ကီလိုနှင့် ပြောင်းမှုန့်တစ်ကီလိုတစ်ဝက်ကို ထုတ်ယူခဲ့သည်။

ပြောင်းဖူးမှုန့်သည် ယခုအခါ ကောင်းမွန်သော အစေ့အဆန်များလို့ ယူဆနိုင်သော်လည်း သူမအတွက်တော့မဟုတ်ခဲ့ပေ။ သူမသည် အချို့ကို ထုတ်ယူ၍ ညနေစာစားရန် ပြောင်းဖူးပေါင်းပေါင်မုန့်လုပ်ဖို့ စီစဉ်ခဲ့သည်။

ပြောင်းဆန်ဖြင့် ပြုလုပ်ထားသော ပေါင်မုန့်ပေါင်း ကိုတော့ သူမ နေ့တိုင်းမစားနိုင်တော့ပေ။

ယုမိန်နဲ့ လီကျွမ့်တို့ကို သူမနှင့်အတူ အရသာရှိသော အစားအစာများ မစားစေချင်သော်လည်း ရှုကျူးလေးအတွက် သူတို့မကောင်းသလို ပြန်မကောင်းနိုင်ပါ။

ဒီသားအမိကို အိမ်ကနေ ရံဖန်ရံခါ ကောင်းတဲ့အရာတွေကို ယူလာခိုင်းရန် အခွင့်ကောင်းယူခွင့်ပေးတာကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိတော့။

လီကျွမ့်နဲ့ ဝေကောင်း အလုပ်မှပြန်လာမည့် အချိန်ကို စောင့်နေစဉ် သူမက ညစာကိုစတင်ချက်လိုက်သည်။

ဝေကောင်းသည် တစ်နေကုန်အလုပ်လုပ်နေသော်လည်း ပိုက်ဆံသိပ်မရသဖြင့် စားစရာအများကြီးမရှိပေ။ သူတကယ် ဗိုက်ဆာနေပြီး မိနစ်အပိုင်းအခြားမှာတင် မူးလဲသွားနိုင်သယောင်။ သူအိမ်ပြန်ရောက်တာနဲ့ ရှုလန်က အစားအသောက်တွေ ပြင်ထားပြီးသားဖြစ်တာကို မြင်လိုက်ရတော့ ပျော်သွားသည်။

သူနဲ့တူတဲ့ သမီးလေးတစ်ယောက်ရှိရတာ ကောင်းတယ်လို့ တွေးမိသည်။ သူမသည် ချက်တတ် ဝယ်တတ် ရုံသာမက အရေးကြီးဆုံးအချက်မှာ သူမသည် အမှန်တကယ် အရည်အချင်းရှိပြီး အလုပ်ကြိုးစားသည်။

သူမ အလုပ်လုပ်နေချိန်မှာမက ပင်ပန်းနွမ်းနယ်နေချိန်မှာတောင် ဘယ်တုန်းကမှ မညည်းညူခဲ့။ လီကျွမ့်ထက်စာရင် အများကြီးပိုလိမ္မာသည်။

သူတို့ရဲ့ညစာက ပြောင်းဖူးပေါင်မုန့်ပေါင်းဖြစ်ပြီး တစ်

မိသားစုလုံး ဒီဟင်းကို ကြိုက်ကြသည်။

ဟင်းသီးဟင်းရွက်ရိုးတွေနဲ့ ပေါင်းထားသည်ထက်စာရင် ပြောင်းဖူးပေါင်မုန့်ကို ဒီခေတ်မှာ စားရတာ ပိုကောင်းသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now