Chapter 16

3.2K 310 4
                                    

Chapter 16 ခရိုင်ရုံးကို သွားခြင်း

လီကျွမ့် သူ့ကို အလုပ်ခိုင်းတဲ့အကြောင်းကြားသောအခါ စိုးရိမ်လာတယ်။ သူမ အလုပ်မလုပ်ချင်ဘူး ဘယ်လောက်ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်လဲ။ အိမ်မှာပျင်းပြီး ဘာမှမလုပ်တာက အကောင်းဆုံးပဲ့။

မြို့ထဲက မိန်းကလေးတွေက လယ်လုပ်စရာမလိုဘူး။ သူတို့ကအရမ်းသနားဖို့ကောင်းတယ်။ အလုပ်များများလုပ်လေ အသားရောင်ပိုလွင်လေ ဖြစ်ပြီး အသားရည်ကဖြူပြီး ကြမ်းတမ်းမနေပါဘူး။ အနက်ရောင်ပိန်ပိန်ပါးပါး၊ လိပ်တစ်ကောင်လို ဒါကို သူမလိုချင်ဘူး။

ဝေကောင်း က ရှုလန် ရဲ့စကားကို နားထောင်ပြီး ခေါင်းညိတ်ပြပြီး ခနလောက်စဥ်းစားပြီးမှ လီကျွမ့် ကို “လီကျွမ့် မင်းမိသားစုလို မနက်ဖြန် တပ်မဟာမှာအလုပ်သွားလုပ်လို့ရပြီ”

လီကျွမ့် မျက်နှာသည် ရုတ်တရက် ပြိုကျမလိုဖြစ်သွားပြီး သူမ အကူညီတောင်းရန် ယုမိန် ကို အမြန်ကြည့်လိုက်တယ်။

ယုမိန်က ဝေကောင်း ကိုဖျောင်းဖျပြီး
“ ဝေကောင်း။ အိမ်မှာ ကျွန်မကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်လိုတယ်‌လေ။ လီကျွမ့် အလုပ်သွားဖို့ အဆင်ပြေမှာမဟုတ်ဘူး”

ရှုလန် ကချက်ချင်းထပြီး
“ အဒေါ်မိန် အိမ်မှာစားစရာလုံလုံလောက်လောက် မရှိဘူးလို့ မပြောဘူးလား၊ စားဖို့လဲမလောက်ဘူး ဒါကြောင့်အ‌ဒေါ့် ကို တစ်ယောက်ယောက်က ကျွေးမယ်လို့တွေးနေတာလား၊ နောက်ပြီး အဒေါ့်ကိုနေ့တိုင်း ကျွေးမဲ့လူကို ရှာစရာမလိုဘူးမလား၊ နည်းနည်းပိုကူညီရင်တောင် လုံလောက်မှာမဟုတ်ဘူး”

ဝေကောင်းကရှုလန်  ရဲ့စကားကိုထောက်ခံပြီး
“ရှုလန် ပြောတာမှန်တယ်၊ အခုချိန်မှာ အလုပ်ရမှတ်များများရဖို့နဲ့ စားနပ်ရိက္ခာ ရဖို့ကအရေးကြီးဆုံးပဲ့ ၊ အစားစာမရှိရင် လူတိုင်းငတ်ပြီးသေလိမ့်မယ် ပြီးရင် မင်းကိုယ်မင်းအိမ်မှာဂရုစိုက်နေဖို့က အသုံးမဝင်ဘူး”

“ ဝေကောင်း “ ယုမိန်သည် ဝေကောင်း ကိုဆက်ဖျောင်းဖျဖို့ အင်အားမရှိတော့ပေ။ ယနေ့အဖြစ်အပျက်များက ယုမိန် သည် ဝေကောင်း ကို အနည်းငယ်မကျေနပ်ဖြစ်စေသည်။ သူ့သမီးအရင်းက အလုပ်လုပ်နေပြီး သူတို့မှာစားစရာမရှိလို့ ခရိုင်ရုံးကို သွားတောင်းချင်ပေမဲ့ လီကျွမ့် ကတော့အိမ်မှာပျင်း‌နေတယ်။

ဖခင်တယောက်ဖြစ်တဲ့သူဟာ လျစ်လျူမရှုနိုင်ဘဲ သူ့သမီးအတွက် နစ်နာစေခဲ့တဲ့ လီကျွမ့် ရဲ့ ပထွေးဖြစ်ပြီး သူလဲတစ်စိတ်တပိုင်းပါဝင်တယ်မဟုတ်ဘူးလား ၊ မဟုတ်ရင် ငါ ရှုလန် ကို သိပ်အကြွေးတင်‌နေမှာ။

“ကောင်းပြီ ဒီကိစ္စကို ငါတို့ဆွေးနွေးစရာမလိုတော့ဘူး ဒီတော့ပြေလည်သွားပြီ ။ လီကျွမ့် က အလုပ်ရမှတ်တွေရဖို့ မနက်ဖြန် အလုပ်စလုပ်ရမယ်” တင်းမာသော မျက်နှာထားဖြင့် လီကျွမ့် ပြောလိုက်သည်။

များသောအားဖြင့် ဝေကောင်း သည် ဤကဲ့သို့ စိတ်ဆိုးလေ့မရှိပေ။ ဝေကောင်း ဒေါသထွက်လာသည်ကို မြင်တော့ ယုမိန် သည်ရပ်ကာ စကားထပ်မပြောရဲတော့ဘဲ ရှုလန်ကိုပို၍ မုန်းတီးလာခဲ့တယ်။ လီကျွမ့် သည်လည်း ရှုလန် ကို အရှင်လတ်လတ် သတ်ပစ်ချင်‌နေသည်။

ရှုလန် သည် ယုမိန် နဲ့ လီကျွမ့် တို့ရဲ့ လူသားစားချင်တဲ့မျက်လုံးများကို လျစ်လျူရှုကာ ထမင်းစားပြီးနောက် ကိုယ်လက်သန့်စင်ကာ အနားယူရန် အခန်းသို့ပြန်သွားသည်။

နောက်တစ်နေ့မနက်မှာ ရှုလန် စောစောနိုးနေခဲ့တယ်။ ရှုလန် ကမနက်အစောကြီးဆိုတော့ အိမ်မှာမနက်စာမစားတော့ဘူး။ ဘာပဲဖြစ်ဖြစ်အိမ်မှာ ဘာမှမှ မစားရတာ။ လမ်းမှာ မုန့်တစ်ခု နဲ့ နို့တစ်ခွက်ကို ယူထုတ်လိုက်ပြီး မနက်စာစားလိုက်တယ်။ ဟုတ်ပါတယ် ဒါက wouwou tou ထက်အများကြီး ပိုကောင်းပါတယ်။

တစ်လမ်းလုံးလျှောက်သွားပြီးနောက် ရှုလန် မောပန်းနွမ်းနယ်နေပြီး အသက်ရှူမဝဖြစ်နေလေပြီ။ လမ်းမှာ အစားအသောက် စားခဲ့ရသေးလို့ မဟုတ်ရင် ခရိုင်ရုံးမှာတောင် နေနိုင်တော့မှာ မဟုတ်ဘူး။ အရင်ဘဝတုန်းက ရှုလန် ဟာဒီလို လေ့ကျင့်ခန်းအနည်းငယ်ကို ဂရုမစိုက်ခဲ့ပေမဲ့ ဒီခေတ်က မတူဘူး၊ ဆင်းရဲလွန်းတယ် ၊ မူလပိုင်ရှင်က ငယ်ငယ်လေးကတည်းက ဗိုက်ဆာနေရတယ်၊ အစားကို စားသည်ဟုပြောရလောက်ရုံ စားတယ် ၊ သူ့ခန္ဓာကိုယ်က ဆုံးရှူံးနေပြီ ၊ သူခန္ဓာကိုယ်က လုံးဝမကောင်းတော့လို့ ဒီလမ်းတွေကို ထွက်သွားရင် အရမ်းပင်ပန်းလိမ့်မယ်။

နောင်တွင် ရှုကျူး ခန္ဓာကိုယ်ကို သာမက သူမခန္ဓာကိုယ်ကိုပါ ပြန်လည်ဖြည့်တင်းရန် လိုအပ်နေပုံရသည်။ ခနလောက်အနားယူပြီးနောက် ရှုလန် ခရီးဆက်ခဲ့တယ်။ ဝေကောင်း က ၎င်းသည် နှစ်နာရီကြာ ခရီးဖြစ်‌သည်ဟု ပြောထားပြီး ရှုလန် နောက်ဆုံး တွင် ခရိုင်ရုံး သို့မရောက်ရှိမီ သုံးနာရီကြာ လမ်းလျှောက်ခဲ့ရတယ်။

ခရိုင်ရုံးမှာ ရှိတဲ့အိမ်တွေကို သူမမြင်တဲ့အခါ ရှုလန် က မယုံကြည်နိုင်လောက်တဲ့ အကြည်နဲ့ကြည့်နေမိတယ်။ ခရိုင်အခြေအနေ အသွင်အပြင်သည် ရှုလန် ၏ စိတ်ကူးနှင့် ဝေးလွန်းသောကြောင့် ဖြစ်သည်။

နှစ်ဖက်လုံးတွင် အိမ်တန်းများပြီး ခရိုင်ရုံးဆီသို့ သွားရန် လျှောက်လမ်းတစ်ခုရှိတယ်။ အထပ်မြင့်တိုက်ကြီးတွေ မဟုတ်ဘဲ တန်းစီပြီး သေးငယ်တဲ့အိမ်တွေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now