Chapter 140

2.5K 246 3
                                    

Chapter-140 လီကျွမ့်နှင့်အလောင်းအစား ပြုလုပ်ခြင်း(၃)

ကျောင်းရှုလန်က လီလီကျွမ့်ကို ဉာဏ်ရည်မမီတဲ့လူလို သဘောထားကာ ကြည့်ပြီး လီလီကျွမ့်အား”လီလီကျွမ့်  နင့်တံတွေးတွေ မဝင်စေနဲ့ ပြီးတော့ ဘယ်သူကမှနင့်လောက် သွေးနဲ့ဖြန်းတဲ့အရည်အချင်း(အသားထဲ‌က လောက်ထွက်ပြီးပြောတဲ့အရည်အချင်း)
မရှိဘူး။ 

ငါက စားကောင်းသောက်ဖွယ်တွေခိုးလာတယ်ဆိုတာ နင့်ဘယ်မျက်လုံးကမြင်လဲ နင့်ပါးစပ်ကြီး‌က သွားပုတ်လေလွင့် ပြောနေတာမလား”

  လီလီကျွမ့်က သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး နှာခေါင်းကို ပိတ်ကာ ကျောင်းရှုလန်ကို “ငါမမြင်လိုက်ပေမယ့် အနံ့ရလိုက်တယ်

  နင်လုပ်နေတာက မွှေးတယ်လေ ဒါပေမယ့် နင်ကငါတို့ကို မကျွေးချင်ဘူး နင်ပဲစားချင်လို့ ကျိတ်လုပ်နေတာမလား “

  လီလီကျွမ့်က အဖုံးဖုံးထားသော အိုးပေါ်ကို မျက်လုံးရောက်သွားသည်။  ထိုအချိန်တွင် အိုးထဲမှ အနံ့‌သင်းလေးများ စိမ့်ထွက်နေသဖြင့် လူများ သရေယိုလောက်သဖြင့်  အိုးထဲရှိအရာများက ဝက်အူမဟုတ်ကြောင်း သေချာနေပါသည်။

  ကျောင်းရှုလန်က လီလီကျွမ့် နားလည်မှုလွဲခဲ့သည်ကို သိသော်လည်း သူမသည် လီလီကျွမ့်ကို တမင် မပြောကာ “ငါနင့်ကိုပြောသားပဲ ဒါပေမဲ့ နင်ပဲ မစားဘူးလို့ငြင်းတာလေ ဝက်အူတွေကချက်နေတုန်း ဒါပေမယ့် အခုဟာကပိုကောင်းတယ်မလား အဲ့တာတခြားဟာ မဟုတ်ဘူး!”

  ကျောင်းရှုလန်က လီလီကျွမ့်သည် သူမ၏စကားကို သေချာပေါက် ယုံမည်မဟုတ်ကြောင်း သိသဖြင့် ရန်စကားပါထည့်ပြောလိုက်သည်။

  အမှန်ပင် လီလီကျွမ့်က ကျောင်းရှုလန်ကို လုံးဝ မယုံခဲ့ချေ။ ကျောင်းရှုလန်က အဓိပ္ပာယ်မရှိသည်ကို ပြောနေခြင်းဟုသာ ထင်ခဲ့သည်။

  “ကျောင်းရှုလန် နင်ဘာတွေပြောနေတာလဲ ဒီအိုးထဲမှာ ဝက်အူရှိတယ်ဆိုတာ ငါလုံးဝမယုံဘူး နင်ပြောသမျှယုံရအောင် ငါကရူးနေတာလည်းမဟုတ်ဘူး

  လာလိမ်မနေနဲ့ နင်စားကောင်သောက်ဖွယ်တွေကို ကိုယ့်ဟာကို စားချင်လို့ဖွက်ထားတာကို ဦးလေးကျောင်းကို ပြန်တိုင်ပြောမယ် “

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now