part_ {1}(Uni & Zaw)

11.6K 169 12
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_1

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ကျောင်းတစ်ခုတွင်....

Sun စာကြည့်တိုက်မှာစာကြည့်နေတုန်း သူထိုင်တဲ့ ဝိုင်းရဲ့ မျက်နာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်တဲ့ မိန်းကလေးကိုကြည့်လိုက်တော့..

"မခြယ်"

"နင် ဒီနှစ်ရောပြန်ဖို့အစီအစဥ်မရှိဘူးလား နေနေ"

မခြယ်သူ့ကို နေနေလို့ခေါ်လိုက်တာကြောင့် မျက်မှောင်ကုတ်ကာ...

"နေနေ လို့ခေါ်ရအောင်ငါကလေးမဟုတ်တော့ဘူးနော် ပြီးတော့ ဒီနှစ်ငါမြန်မာပြည်ပြန်မှာ ဖေဖေ တို့ကိုလွမ်းနေပြီ"

Sun အမေရိကန်ရောက်တာ 12နှစ်အရွယ်ကတည်းကပင်။ဖေဖေကသူ့ကိုဘာလုပ်ချင်လဲမေးတော့ သူလဲစိတ်ထဲရှိတဲ့အတိုင်း အမေရိကန်သွားပြီး ပညာသင်ချင်တယ်ပြောတော့ ဖေဖေကချက်ခြင်းစီစဥ်ပေးကာ မခွဲနိုင်တဲ့ မေမေကိုသားခဏခဏပြန်လာမှာပါဆိုရင်းလာခဲ့တာ 8နှစ်တောင်ရှိပြီဖြစ်သည်။အမေရိကန်မှာရှိတဲ့ ဖေဖေသူငယ်ချင်းတွေက သူ့ကိုလိုလေသေးမရှိအောင်အကုန်စီစဥ်ပေးတာကြောင့် 8နှစ်လုံးအခက်အခဲမရှိပညာသင်ယူနိုင်ခဲ့သည်။နောက်တစ်နှစ်နေရင် ကျောင်းပြီးတော့မှာဆိုပင်မဲ့ ဖေဖေတို့ကို အရမ်းတွေ့ချင်နေတာကြောင့် ​ကျောင်းပိတ်ရက်မှာပြန်ဖို့ဆုံးဖြတ်ထားသည်။

"ဟဲ့ ငါပြောနေတာကြားလား နေတစင်း!!"

မခြယ်အော်သံကြောင့် သူအတွေးတွေရပ်လိုက်ကာ သူတို့ခုံနားမှာမက်တပ်ရပ်နေတဲ့ နိုင်ငံခြားသားအဖြူကောင်ကိုကြည့်ကာ သူကဘာလဲဆိုတဲ့သဘောနဲ့ မျက်စပစ်ပြလိုက်သည်။

"သူက ငါ့ နှလုံးသား"

သူက ပုခုံးတွန့်ပြပြီး စာဆီကိုသာ အာရုံပြန်ထားလိုက်သည်။မခြယ်က ရည်းစားတစ်ယောက်ပြီးတစ်ယောက်ထားတာသူသိသည့်အတွက် ဘာမှမပြောတော့ခြင်းဖြစ်သည်။သူမကတစ်နှစ်တစ်ခါ မြန်မာပြည်ပြန်နေကြမို့ မိဘတွေနဲ့က အဆင်ပြေသည်။သူကတော့ ဒီတစ်ခေါက်ပြန်ရင် မေမေကို ချော့ရပေဦးမည်။

The Sun Of Flower (S2 + S3)Where stories live. Discover now