part~33

2.6K 92 2
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_33~~~~🦋

"အစ်ကိုမေးစရာရှိတာ မေးလို့ရတာမဟုတ်လား ညီ"

"ရပါတယ်"

နေတစင်းနဲ့ မျက်နာချင်းဆိုင်မှာ သူ့စေရာကထိုင်ပြီး မေးနေသည်။နေတို့ကလည်း ဘေးကနေ သားနဲ့ သူ့စေရာတို့ကိုကြည့်နေလိုက်သည်။

"ညီမှာအခက်မသင့်ဖြစ်ဖူးတဲ့ ကိစ္စမျိူးတွေရှိလား ဒီမှာမဟုတ်ပဲ US မှာနေတုန်းကပေါ့"

"အင်း ကျွန်တော်ကိစ္စတစ်ခုတော့ရှိဖူးတယ်"

"ပြောပြလို့ရမလား"

"အဲ့ကိစ္စ ကျွန်တော်စာကြည့်တိုက်ကနေစာကြည့်ပြီ ကျွန်တော်နေတဲ့နေရာကိုပြန်လာရင်း စက်ဘီးတစ်စီး ကျွန်တော်ကိုဝင်တိုက်သွားတယ် ကျွန်တော်လည်းဝင်တိုက်ပြီး မတောင်းပန်သွားတဲ့ကောင်ကိုမှတ်ထားပြီး နောက်တစ်နေ့ကျွန်တော်ကို တိုက်ဖို့လုပ်တော့လက်ထဲမှာပါလာတဲ့ စကိတ်နဲ့ရိုက်ချလိုက်တယ်"

နေတစင်းရဲ့ မိဘတွေတောင်မသိသေးတဲ့ရာဇဝင်။နေလည်းသားဖြစ်သူသူများကိုပြောမှကြားရတဲ့အဖြစ်အပျက်ဆိုပင်မဲ့ အဓိကတရားခံကိုသာသူစိတ်ဝင်စားနေတာကြောင့် သားပြောတာကိုဆက်နားထောင်နေလိုက်သည်။

"ဝင်တိုက်တဲ့အရှိန်ကလည်းများတော့ကျွန်တော်ကို စကိတ်နဲ့ရိုက်လိုက်တော့ သူခေါင်းကွဲပြီးဆေးရုံရောက်သွားတယ် အဲနောက်သူက ကျောင်းကရာထူးရှိတဲ့သူတစ်ယောက်ရဲ့သားဖြစ်နေတယ်"

သူပြောတာကအခုကိစ္စနဲ့ မဆိုင်သလိုအနေအထားရောက်လာတာမို့ သားဖြစ်သူဘာအချိူးချိူးနေပြီဆိုတာသူသိသည်။ကျွန်တော်ဖြစ်တဲ့ကိစ္စနဲ့ ဒီကိစ္စနဲ့မဆိုင်ပါဘူးပြောလိုက်တော့ မြန်မြန်မပြီးဘူးလား။တကယ်ဖင်ယားတဲ့ကောင်။

"ကျောင်းအုပ်ကခေါ်ပြီး......."

"မင်းကိုပါးရိုက်လိုက်တယ်လား"

အားလုံးစိတ်ဝင်တစားနားထောင်နေချိန်နေကထပြောလိုက်တာကြောင့် နေတစင်းရီချင်သွားရသည်။သူဘာကိစ္စမှ မလုပ်ထားပင်မဲ့ ရန်ုဖစ်တာအနည်းငယ်တော့ရှိသည်။ဒါပင်မဲ့ ကြီးကြီးမားမားမဟုတ်။အခုလည်း မရှိတာသိရဲ့သားနဲ့မေးနေတာမို့ လုပ်ကြံဇာတ်လမ်းထွင်လိုက်ပါသော....။

The Sun Of Flower (S2 + S3)Where stories live. Discover now