part_12

3K 117 5
                                    


🔰The Sun Of Flower {Season 2}🔰

📚ချစ်ခဲ့သမျှ.📚

Part_12

ကျွီး...

သူစိတ်ကောက်ပြီး အပေါ်တက်သွားတဲ့ မနောက်ကို လိုက်လာတော့ ကုတင်ပေါ်တင်ပြီး မျက်နာမကောင်းဖြစ်နေတဲ့ မဘေးဝင်ထိုင်လိုက်တော့.....

"မင်းကငါ့ထက် ဆိုင်ကယ်ကိုပိုချစ်တယ်မဟုတ်လား သွားအဲဆိုင်ကယ် ဝယ်ပြီး သွားခွနေ"

"မောင်ကဆိုင်ကယ်မခွချင်ဘူး မပဲခွချင်တာ"

"ဘာ! မင်း"

"မကလည်း ဘယ်လိုဖြစ်လို့ မင်းတွေငါတွေဖြစ်ကုန်တာလည်း "

"ငါ့ဘာသာဘယ်လိုဖြစ်ဖြစ် မင်းတောင်ငါမကြိုက်တာလုပ်သေးတာပဲ"

"မ ကလည်းမောင်အခုမှ လုပ်တာလေး အရက်ငယ်ရွယ်တဲ့အချိန်တုနကလုပ်လို့လား အခုစဥ်းစားဆင်ခြင်နိုင်ပြီလေ ခွင့်ပြုပါနော်"

သူမျက်နာအငယ်ဆုံးထားကာ မပုခုံးအေပေါ် မေးတင်တော့ မကရုန်းသည်။သူရုန်းနေတဲ့ မရဲ့ ကိုယ်လေးကိုရုန်းမရအောင် အနောက်ကတင်းနေအောင်ဖက်လိုက်သည်။

"မင်းဖယ်ပေး အခုမှလာမကပ်နဲ့ ငါပြောတာကိုအလေးမထားဘူး"

"မဟုတ်ဘူးလေ မိန်းမရာ မောင်မင်းဆီကအခုခွင့်တောင်းနေတယ်လေ"

"မသိချင်ဘူး ကိုယ်လုပ်ချင်တာပဲကိုယ်သိတယ် ယောကျာ်းတွေများ မပြောချင်ဘူး သူတို့အတွက်ပူပြီး ပြောနေတာတွေလည်းနားမလည်ဘူး"

ဆူပုတ်ကာပြောလာတဲ့ မကြောင့် သူမှာဘယ်လိုပြောပြော မရတာမို့ ဘာလုပ်ရမှန်းမသိတော့။သူငြိမ်နေလိုက်ရင်းတစ်ခုခုစဥ်းစားမိသွားကာ မ ကိုဖက်ထားရာက ခွာလာပြီး မက်တပ်ရပ်လိုက်သည်။

"ရတယ် မလုပ်တော့ဘူး ကျူပ်သဘောကျတဲ့ အရာတွေအကုန်ဘာမှမလုပ်တော့ဘူး ခင်များစိတ်တိုင်းကျပဲ ကျူပ်ဘက်ဆိုတစ်ခါမှလှည့်မကြည့်ဘူး!"

သူအသံမာမာနဲ့ပြောလာတော့ စိတ်ဆိုးနေတဲ့မျက်နာလေးကအံ့သြခြင်းတွေနဲ့ မော့ကြည့်လာတာကြောင့် သူ သူမကိုကျောပေးထားလိုက်သည်။သူမမောင်ရဲ့အပြုအမူကြောင့် ချက်ခြင်းမျက်ရည်ဝဲတက်လာကာ....

The Sun Of Flower (S2 + S3)Where stories live. Discover now