part~29

3.6K 125 6
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_29~~~~💙

"မောင့်ချစ်သဲလေး ဘာဝယ်ဦးမလည်း ဘာစားမလည်းဗျ"

သူမအတွက် အိတ်ဝယ်ပေးပြီးတယ်ဆို ဆိုင်ထဲကပြန်ထွက်လာတော့...

"တော်ပြီမောင် ပိုက်ဆံသုံးတာတအားများတာပဲ အိမ်က မှန်ဗီရိုထဲမှာလည်း အများကြီးပဲကို"

"ပြောပြီးသား မောင့်မိန်းမကပိုတန်ဖိုးရှိပါတယ်ဆိုနေ"

သူမ မောင်ပြောလည်းနိုင်မှာမဟုတ်သိရဲ့သားနဲ့ အရစ်ရှည်မိတဲ့သူမအမှား။သူမ မောင်ကိုမျက်စောင်းထိုးတော့ သူကတော့ သွားတန်းပေါအောင်ရီနေလိုက်တာများ အမြင်ကတ်စရာ။

"မ ဘာစားမလည်း တစ်ခုခုမဝယ်တော့ရင်လည်း မုန့်တစ်ခုခုစားရအောင်"

"ဘာစားမှာလည်း မောင်က"

"မောင်ကိုမမေးနဲ့ မောင့်မိန်းမသဘောကျတာအကုန်သဘောကျပြီး သား မိန်းမဘာစားချင်လညိးပြော ခေါက်ဆွဲကြော်စားမလား "

"မစားဘူး မောင် ကြက်ကြော်ရယ် ကြေးအိုးရယ်ပဲစားချင်တာ လိုက်ကျွေး"

"ဟုတ်ပါပြီဗျ My Queen သဘောအတိုင်းပါ လာပါဗျာ ဟင်!"

သူမကို လက်ဆွဲပြီး မုန့်သွားကျွေးမလို့ရှိသေးတစ်ဖက်က ဆိုင်ခန်းအတွင်းဝင်သွားတဲ့ လူနှစ်ယောက်ကြောင့်....

"မခဏလေးနော် မောင့်အရေးကြီးလို့"

သူမကိုခဏထားပြီး သူတို့ဝင်သွားတဲ့ဆိုင်ထဲဝင်လိုက်ပြီး သူတို့မမြင်နိုင်တဲ့နေရာကနေကြည့်နေလိုက်သည်။ရှိုင်းထက်မြတ်ဆိုတဲ့ကောင်နဲ့ သူကိုအမြဲလာနောက်ယှက်နေတဲ့မိန်းကလေးကို တွဲတွေ့လိုက်ရတာကြောင့် သူအမြင်မမှားမှန်းသိလိုက်သည်။သူတို့ပြန်မထွက်လာခင်အံကိုကြိတ်ကာ ဆိုင်အပြင်ကိုထွက်လာခဲ့တော့သည်။

သူဆိုင်အပြင်ရောက်တော့ ခဏထားခဲ့တဲ့နေရာမှာမက်တပ်ရပ်စောင့်နေတဲ့ မကို ဘေးနားကနေ ရစ်သီရစ်သီလုပ်နေတဲ့ကောင်တွေတွေ့တာကြောင့် သူမအနားပြေးသွားကာ...

"မိန်းမ သွားရအောင် !!"

"ဟင်"

မောင်အသံက စင်တာမှာသွားလာနေတဲ့လူတွေတောင်လှည့်ကြည့်လှည့်ကြည့်နဲ့။အရင်ခေါ်နေကြအတိုင်းမခေါ်ပဲ ဘာဖြစ်လာပြန်ပြီလည်းမသိ။

The Sun Of Flower (S2 + S3)Where stories live. Discover now