Chapter 3

1.4K 40 0
                                    


🍭You are my life🍭

Chapter _ 3

"အစ်ကိုရေ အစ်ကို သမီးပြန်လာပြီ"

ဆိုကာ နှင်းဆီ သူကိုအော်ခေါ်ကာအိမ်အပြင်ပြေးထွက်သွားတာကြောင့် နေလင်းစက် တစ်ယောက်လည်းဧည့်ခန်းထဲကနေထွက်သွားကာဇနီးကဖြစ်သူနောက်လိုက်ရသည်။သူအိမ်ရှေ့ရောက်တယ်ဆို ကားပေါ်ကဆင်းလာတဲ့ *ပန်းပွင့်ဖြူ*။

"ဒယ်ဒီ သမီးလေးတောင်ပြန်လာပြီလား"

လို့ဖအေဖြစ်သူကမေးတယ်ဆို မသိရင်အချိန် 10နှစ်လောက်ခွဲထားရတဲ့အတိုင်း အဖေဖြစ်သူကို ဖက်ထားတာများတင်းတင်းကြပ်ကြပ်။သမီးကတစ်ခြားတော့မဟုတ် UK ကို Model သင်တန်းသွားတက်တာဖြစ်ပြီး သွားတာကလည်း တစ်လလောက်သာကြာသည်။

"ကဲ ဒီဖအေ နဲ့ သမီးကတော့တွေ့တာနဲ့ချွဲကြတော့တာပဲ အိမ်ထဲဝင်ကြပါတော့"

မေမေပြောမှ ပန်းရောင် နဲ့ ဖေဖေအတူတူအိမ်ဖဲဝင်လာလိုက်ရင်း ဧည့်ခန်းနားရောင်တယ်ဆို အိမ်ကအိမ်အကူနှစ်ယောက်ကို သူမအထုတ်တွေကားထဲကသွားယူဖို့ပြောကာ ဧည့်ခန်းထဲမိဘနှစ်ပါးနဲ့အတူတူဝင်လာလိုက်သည်။

"ကဲပြန်ရောက်ပြီဆိုတော့ သမီးလေးကဘာလုပ်ဖို့စဥ်းစားထားလဲ....​Model ပဲဆက်လုပ်မှာလား"

"ဟုတ်တယ် မေမေ နာမည်ကြီး company တွေရဲ့ ကြောငြာတွေရိုက်ပေးစရာတော့ရှိတယ် ပြီးရင်တော့ ဖြူ ချစ်တဲ့သူကိုရှာလက်ထပ်တော့မယ်"

ဆိုတာကြောင့် မိဘနှစ်ပါးကတစ်ယောက်မျက်နာ တစ်ယောက်ကြည့်မိရင်းက....

"သမီးက ချစ်ရမဲ့သူတွေနေပြီလား အလုပ်လုပ်ဖို့ကရောဘယ် Company တွေနဲ့ လက်တွဲဖို့ရှိတာလဲ"

"မတွေ့သေးပါဘူး ရှင့် အခုမှရှာမှာ....သမီးကိုကြောငြာဖို့ကတော့ ဖေဖေသိလားတော့မသိ Lynn မိသားစုပိုင်တဲ့ NL Coffee တံဆိပ်အတွက်ကမ်းလှမ်းထားတာရှိသလို...... Beautiful Girl ဆိုတဲ့ အလှကုန် company အတွက်လည်းရှိတယ်"

"ဟုတ်ပါပြီ Lynn မိသားစုဆိုတာကသိပ်မသိသေးပင်မဲ့ NL Coffee တံဆိပ်ကတော့ဖေဖေသောက်နေကြမို့သိတယ်"

သူမ ဖေဖေကို မေးဖို့မေ့နေတာကို အခုမီသတိရကာမေးဖို့ပြင်လိုက်သည်။တစ်ခြားတော့မဟုတ် သူမအလုပ်တွဲလုပ်ချင်တဲ့နာမည်ကြီး company တစ်ခုကြောင်း။

The Sun Of Flower (S2 + S3)Where stories live. Discover now