part~56

3.2K 73 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~56~~~

"အဲ့နောက်သူ့ဘာသာလုပ်ကြံပြီး ဓာတ်ပုံတွေရိုက်ရင်း အိပ်ပျော်သွားတော့ ငါရင်ခွင်မတန်တဲ့ မင်းတူမကို ဘေးချပြီး သူဖုန်းထဲကဓာတ်ပုံတွေငါအကုန်ပြန်ကူးလိုက်တယ် အခုမင်းကိုပြတာ အဲ့ဓာတ်ပုံတွေပဲ"

နေ့စကားကြောင့် ရှိုင်းထက်မြတ် ရှက်လွန်းလို့ မျက်နာကြီး ရဲတက်လာရသည်။သူဘက်ကတော့တူမလေးတစ်ယောက်ထဲမို့ ဘယ်လောက်တာဝန်ကျေခဲ့ရလည်း။

နေတစင်း ဓာတ်ပုံကြည့်ကတည်းက ဖေဖေနဲ့ ဒီလိုဖြစ်ပျက်တာ သူယုံတာမဟုတ်။အခု သူ့ထင်တဲ့အတိုင်း ဖေဖေဟာတစ်ခုခြင်းပြောသွားတာကြောင့် သူပြုံးလိုက်သည်။သူဘာဆက်ဖြစ်မလည်းဆိုတာစိတ်ဝင်စားတာကြောင့်ဆက်ကြည့်နေလိုက်သည်။

"မင်းအခုကိုယ်ဘာလုပ်ထားလည်းသိပြီမဟုတ်လား ရှိုင်းထက်မြတ် !"

"မဟုတ်ဘူး ဒါငါလုပ်ခိုင်းထားတာမဟုတ်ဘူးကွာ"

"မင်းပြောတိုင်းငါကယုံရမှာလား ငါမရူးသေးဘူး အဲတာထက် ဒီ vedio လေးကို ကြည့်လိုက်ပါဦး "

ဆိုကာ သူ့အတွင်းအိတ်ထဲက USB ကိုယူကာ TV နားလျှောက်သွားပြီး USB ကိုထိုးလိုက်သည်။သူ TV ခလုတ်ကိုဖွင့်လိုက်တော့ ပေါ်လာတဲ့ Vedio က ဟိုမိန်းမ နဲ့ သူနဲ့ အခန်းထဲကဟာတွေပေါ်လာသည်။

"ကြည့် ရှိုင်းထက်မြတ် မင်းတူမရဲ့အခြေအနေကို"

"လူကြီး ! ဟင့် ပိတ်လိုက်ပါ"

သူလက်မောင်းကိုလာကိုင်တဲ့ ပန်းရိပ်လွှာလက်ကို ရိုက်ချပစ်လိုက်သည့်နေ။ဒီလိုအခြေအနေတွေဖြစ်လာအောင် သူဘယ်လောက်စိတ်ပက်ပန်းခဲ့ရလည်း။

TV မှာဖွင့်နေတဲ့ vedio ကို ကျန်တဲ့သူတွေက ပန်းရိပ်လွှာ အင်္ကျီချွတ်တဲ့အချိနိမျက်နာလွဲလိုက်ပင်မဲ့ သဘာဝတော့အဲ့အထဲမပါ။အစအဆုံးအကုန်ကြည့်ပြီး လက်ကလည်းကျစ်ကျစ်ပါအောင်စုပ်ထားရသည်။TV က Vedio ပြီးသွားတယ်ဆိုနေက USB ကိုပြန်ယူလိုက်ကာ....

"မနက်ဖြန် FB ကအစပြုတဲ့ Social Media တွေမှာ ဒီ vedio တင်လိုက်ရင် ပြီးပြီ"

The Sun Of Flower (S2 + S3)Where stories live. Discover now