part~5

4.7K 131 6
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_5

"ကြင်နာသူ မကြင်နာသလို နေနိုင်ရက်တဲ့ချစ်သူလေး....အနိုင်ယူတက်တဲ့သူ့စိတ်တွေကိုကွယ်...ကိုယ်မငြိုငြင်ခဲ့ဘူးတကယ်...ညာနေတာတွေရင်ထဲက ငိုနေမိလည်းခဏပါပဲ...ဟန်ဆောင်ပြုံးရင်ချစ်တဲ့သူ့အနားနားကိုယ်တကယ်ပျော်နေခဲ့တယ်....အချစ်တစ်ခုနဲ့ အရာရာအားလုံးသဘောအတိုင်းပဲ...ကိုယ်လိုချင်ခဲ့သောအချစ်တို့ဝေးနေလည်း...ရင်တွေကွဲပြီးနားလည်မယ်............"

သဘာဝ သီချင်းဆိုသံတွေဂီတာသံတွေကြောင့် နိုးလာသည်။သူမ မောင်ရင်ခွင်ထဲရေချိူးပြီးကတည်းကအိပ်ပျော်သွားတာ နာရီကြည့်လိုက်တော့ 12နာရီမို့  ကုတင်ပေါ်ကဆင်းကာ အဝတ်လဲခန်းထဲဝင်ပြီး ညဝတ်ဂါဝန်လေးကိုဝတ်လိုက်သည်။အဝတ်လဲပြီးတော့ လိုက်ကာကိုဖယ်ကြည့်လိုက်တော့ ခြံရှေ့မှာဂစ်တာတီးပြီး သီချင်းအော်ဆိုနေတဲ့ မိန်းကလေးတစ်စု။

နေလည်းအိပ်နေရာမှာ ရင်ခွင်ထဲကဟာတာတာကြီးဖြစ်နေတာကြောင့် ဘေးကိုစမ်းကြည့်တော့မ မရှိတာကြောင့်မျက်လုံးဖွင့်လိုက်တယ်ဆို မက လိုက်ကာကိုဖွင့်ပြီးဘာတွေကြည့်နေလည်းမသိ။သူအိပ်ရာကထထိုင်ကာ ကုတင်ဘေးက တဘတ်ကိုခါးမှာပတ်ပြီး ထရပ်လိုက်ကာ မအနားလျှောက်သွားပြီး....

"မ ဘာလုပ်နေတာလဲ"

သူမအနောက်က မောင်ခေါ်သံကြောင့် လိုက်ကာစပြန်ပိတ်ကာ မောင့်ဘက်လှည့်လိုက်သည်။

"မ အသံတွေလည်းဆူညံနေတာပဲ အိမ်ရှေ့မှာလာသောင်းကြမ်းနေတာလား"

"မဟုတ်ဘူး မောင် ကောင်မလေးတွေသီချင်းဆိုနေတာ"

သူခေါင်းငြိမ့်ပြပြီး လိုက်ကာစကိုဆွဲဖယ်လိုက်တယ်ဆို သီချင်းရပ်သွားပြီး....

"လူကြီးရေ အရမ်းချစ်တယ် ဒီကောင်မလေးကိုပြန်ချစ်ပါ!!!"

ခြံရှေ့ကနေမရှက်မကြောက်အော်လိုက်တဲ့အသံကြောင့် နေဒေါသကိုအတိုင်းထက်အလွန်ထွက်သွားကာ ပြတင်းပေါက်လိုက်ကာကိုပြန်ပိတ်ပြီး အခန်းတံခါးဆွဲဖွင့်ကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။

The Sun Of Flower (S2 + S3)Where stories live. Discover now