part~24

2.8K 105 7
                                    

{Uni}

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_24~~~~💚

ကျွီး....ဒုန်းး..

အစည်းအဝေးအခန်းတံခါးကို ဆောင့်ဖွင့်ပြီး ဆောင့်ပိတ်ကာ ဝင်လာတဲ့နေ။ နာရေးကပြန်လာတဲ့လမ်းပေါ်မှာ သားဖုန်းဆက်တယ်ဆို မျက်နာအနေအထားပြောင်းသွားတဲ့ မောင် အခြေအနေက မသေးလောက်တာသိတာမို့ Hotel ကိုအရင်ဝင်ရေချိူးခိုင်းလိုက်ပြီး ချက်ခြင်း company ကို ရောက်လာသည်။သဘာဝလည်း မောင့်အကြောင်းသိတာမို့ သူအနောက်ကလိုက်လာရသည်။

နေ သားရပ်နေတဲ့ နေရာသွားပြီး ယှဥ်ရပ်လိုက်ကာ....

"မင်းတို့က ငါ့သားကို ဘာကောင်လည်းမေးရအောင် မင်းတို့က ကျွန်တွေမဟုတ်ဘူးလား ငါ့လစာစားပြီး ငါကမင်းတို့ကို ငါ့သားကိုစော်ကားခွင့်ပေးထားတာလား ဖြေစမ်း !!!!"

နေကတော့ နေတစင်းတုန်းကလိုဖြေးဖြေးသက်သာမဟုတ်။သဘာဝလည်း ယောကျာ်းဖြစ်သူ ဒီလောက်ဒေါသဖြစ်တာတစ်ခါမှမတွေ့ဖူး ကြောင့် ဝန်ထမ်းတွေအစားတော်တော်လန့်နေရသည်။

"မဟုတ်ဘူး CEO သူက ဘာမှမတက်..."

"ငါ့သားကို ဘာမှမတက်ဘူးပြောရအောင် မင်းတို့အရည်အချင်းကရော သေတော့မယ် ဒီလောက်ကနေ တက်လာလို့လား !!!! "

ပြောပြီး သားဘက်လှည့်ကာ...

"ဘာလိုတာလည်း သား ဘာဖြစ်တာလည်း"

"နိုင်ငံခြား ဝင်ငွေစရင်း ပျောက်နေပါတယ်"

သားပြောတယ်ဆို သားရှေ့က File တွဲကိုယူပြီး စစ်တော့ နိုင်ငံခြားဝင်ငွေစရင်းပျောက်နေသည်။သူ လက်ထဲက Fileနဲ့ မက်တက်ရပ်နေတဲ့ Manager မျက်နာကို ပစ်ပေါက်လိုက်ကာ...

"မင်းလိုကောင်ကများ ဖထွေးအားကိုနဲ့ ငါ့ကိုပုန်ကန်ချင်ကြတာပဲ နေတစင်း ထိရင်ငါပါလာမယ်ဆိုတာမသိဘူးလား!!! ဒါမှမဟုတ် သိသိရက်နဲ့လုပ်တာလား!!!"

နေဒေါသထွက်နေတာ ခဏက ဂျိူတွန်နေတဲ့ Manager တောင်ငြိမ်ကြသွားသည်။အစည်းအဝေးခန်းတစ်ခုလုံး သူ့ဒေါသကြောင့် တှုပ်တှုပ်တောင်မလုပ်ကြတော့။

The Sun Of Flower (S2 + S3)Where stories live. Discover now