part~34

2.7K 91 5
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_34~~~~🦋

"အား ပါးရေပြုတ်ကျပြီ အား"

ကစားကွင်းထဲရောက်လာပြီး မိုးပျံရထားစီးချင်တယ်ဆိုလို့စီးတော့ အပေါ်တက်သွားလိုက်လိမ်သွားလိုက်စောက်ထိုးကြီးဖြစ်သွားတာကို အသားကုန်အော်နေတဲ့သူမ။

"ပြုတ်မကျပါဘူး Light ရဲ့ ခါးပတ်တွေပါနေတဲ့ဟာ"

"အား မရဘူးပြုတ်ကျမှာ အားးးးးးး "

အမြင့်ကအနိမ့်ကို ထိုးဆင်းသွားတာကို အော်လိုက်တာများ သံရှည်ကိုဆွဲပြီးအော်တာ နားကိုအူတက်သွားတာပဲ။​သူကောင်မလေး အသံထက် ကျန်တဲ့သူတွေအသံကပိုဗြဲနေတယ်။ယောကျာ်းလေးတွေကလည်း ယောကျာ်းမဟုတ်တဲ့အတိုင်း။

"အားးးးးးးးးး"

အော်လိုက်တာ နားကိုငြီးနေတာပဲ....။

"ဟင်းး စိတ်ထဲကိုလွတ်သွားတာပဲ နေလို့ကောင်းတယ်"

မိုးပျံရထားပေါ်ကဆင်းတယ်ဆို ပြောလာတဲ့စကား။မိုးပျံရထားပေါ်မှာတုန်းကကြသူ့လောက်အော်တာသူပဲကို။

"ဟုတ်ပါပြီ ဘာစော့ဉီးမလည်း တိုက်ကားစော့မလား"

"ပင်လယ်ဓားမြ စီးမယ်"

"Let's Go "

သူမပြောတဲ့ ပင်လယ်ဓားမြစီးဖို့ လက်မှတ်သွားဝယ်ကာ ကိုယ်အလှည့်ရောက်ဖို့ စောင့်နေရသည်။

"ပါး အဲလိုမျိူးထိတ်လန့်စရာစီးရတာလေ တကယ်စိတ်ထဲလေးနေတာတွေအကုန်ပျောက်တယ်သိလား"

"Light  စိတ်ချမ်းသာရင်ပြီးရော ကိုယ်ကစိတ်လေးတာလည်းမရှိဘူး ကိုယ့်ဘဝမှာ ဖေဖေနဲ့ မေမေ နဲ့ Light ရှိရင်ပြီးပြီ"

"ချစ်ဖို့ကောင်းလိုက်တာ အမလေး"

သူမ ပါးကိုစကားပြောနေခိုက်အနောက်ကနေ တွန်းခံလိုက်ရတာမို့ အရှေ့ကိုမှောက်ကြမလ်ု့ရှိသေး ပါးကဆွဲဖက်ထားလိုက်လို့တော်သေးသည်။သူမဒေါသက လက်တစ်စစ်မို့အနောက်လှည့်ပြီး ရန်တွေ့ဖို့အလုပ်.....

"တောင်းပန်ပါတယ် မမ ကလေးတစ်ဖက်နဲ့ မို့ ရေသန့်ဘူးတွေကျမှာဆိုးလို့ထိန်းလိုက်ရင်းတွန်းမိသွားတာပါ"

The Sun Of Flower (S2 + S3)Where stories live. Discover now