part~17

2.9K 126 10
                                    



🔰The Sun Of Flower {Season 2}🔰

🌞နေတစင်းရဲ့ချစ်ပုံပြင်🌞

Part_17~~~~

"နေ"

"အင်း"

ကျော်သူရခေါ်တာကြောင့် သူထူးလိုက်တော့...

"ငါတို့ပဲ ရှိတုန်းပြောရဦးမယ်"

မ တို့ မိန်းကလေးတွေက အိမ်ထဲဝင်သွားတာကြောင့် သူတို့ယောကျာ်းလေးတွေသာကျန်ခဲ့သည်။

"ငါမနက်က ရှိုင်းထက်မြတ် နဲ့ မတော်တဆ စင်တာမှတိုက်မိသေးတယ်"

ရှိုင်းထက်မြတ်လို့ပြောလိုက်တာ မျက်နာအနေအထားပြောင်းသွားတဲ့ နေကို တစ်လှည့် ကျော်သူရပြောမှာကိုတစ်လှည့် ကြည့်နေကြသည်။

"အဲ့တော့ "

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အရင်ကကိစ္စတွေပြန်သတိရလာလို့ပါ သူ့ Hotel လည်း မင်းလက်ချက်ကြောင့် ပြန်မဖွင့်နိုင်တာအခုထိပဲလေ"

"ငါ့အဲထက်ပိုလုပ်ချင်တာ မ မျက်နာရှိသေးလို့ "

နေပြောတော့ ငြိမ်းထက်ကသူ့ပုခုံးဖက်ကာ...

"အင်း မင်းပြောတာမှန်တယ် ရှိုင်းGroup နဲ့ ပြဿနာဆက်ဖြစ်နေရင် ကြားထဲက မင်းမိန်းမပဲစိတ်ဆင်းရဲရမှာ တစ်ဖက်က သူချစ်တဲ့ ယောကျာ်း တစ်ဖက်က အစ်ကို နဲ့ အဖေ"

"အစ်ကိုလို့မပြောစမ်းပါ နဲ့ ငြိမ်းထက်ရာ ညီမကို မယားပြန်တော်ချင်နေတဲ့ကောင်လို့ပြောစမ်းပါ"

ငြိမ်းထက်စကားကို ငြင်းကာ ကျော်မျိူးထူးပြောလိုက်သည်။

"အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့မိသားစုကို လာမရှုပ်သေးသ၍ တော့ ငါဘာမှမလုပ်ဘူး"

"ဒါဆို ဦးထက်မြတ်တို့က သူမြေးနဲ့တွေ့ချင်တယ်ဆိုရင်ရော"

နေ မျက်နာကိုတည်လိုက်ကာ...

"ငါ့သားကို သူတို့မိသားစုနဲ့ဘယ်တော့မှအပက်သက်မခံဘူး ငါ့သားကိုလည်းမတွေ့စေရဘူး"

"မင်းကလည်းကွာ အသက်တွေလည်းမငယ်တော့ဘူး လျော့သင့်တာတွေလည်းလျော့ပါ နေရာ ဦးထက်မြတ်ကဘာအပြစ်ရှိလို့လည်း သူလည်းသူ့မြေးတွေ့ချင်မှာပေါ့ မင်းအတွေ့မခံဘူးဆိုတာသိလို့ သူတို့မပြောတာနေမှာ"

The Sun Of Flower (S2 + S3)Where stories live. Discover now