part~59

3.3K 79 1
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~59~~~

"တောက်စ့် နေတစင်း ခွေးသား!"

နေ သားဖြစ်သူနဲ့ အဆက်အသွယ်မလုပ်ရတာ US သွားကတည်းကကြောင့်ရယ်။မ ကလည်းသူ့သားကို သတိရတယ်ဆိုတာကြောင့် မနဲ့ ကုတင်ပေါ်အတူတူဘေးရင်းကပ်ထိုင်နေရင်းက သူ့ Latop ကိုဖွင့်ပြီး ကြည့်လိုက်တယ်ဆို နေတစ်စင်းတင်ထားတဲ့ post က လင်းရိပ်ကို နဲ့  မင်္ဂလာဝတ်စုံတွေဝတ်ကာ ရိုက်တာတဲ့ဓာတ်ပုံတွေနဲ့အတူ *ချစ်သောအမျိူးသမီးလေးကသူ့အပိုင်*ဆိုတဲ့ ကပ်ပရှင်နဲ့တင်ထားတာများ မိဘကိုတိုင်ပင်ရမှန်းမသိ။

"မောင် မောင့်သား!"

"မောင့်သား မဟုတ်ဘူး ခွေးသား! မိဘကိုမတိုင်ပင်ပဲလုပ်တဲ့ကောင် တစ်ဖက်ကသူ့ယောက္ခမကဖြင့် သဘောမတူသေးပဲနဲ့"

"မောင် ဒါဆိုဘယ်လိုလုပ်မလည်း ဟိုကသဘောမတူတာ ရဲတိုင်မှဖြင့်"

"ဒါတော့ပူမနေနဲ့မ နှစ်ယောက်လုံးကအသက်ပြည့်ပြီးနေပြီ ဆွေးရိပ်ကမ္ဘာ ဘာမှလုပ်လို့မရဘူး"

နေ ဒေါသတွေက်ုမြိုချရင်း vedio called ခေါ်မယ်ပြင်ယုံရှိသေး အရင်ခေါ်လာတဲ့ နေတစင်းကြောင့် နေကိုင်လိုက်ကာ မျက်နာကိုတင်းထားသည်။

"ဖေဖေ"

"ခွေးသား! ငါကမွေးတဲ့ ခွေးသား!!"

ဒေါသထွက်နေတဲ့ပုံနဲ့သူကို ဆဲချလိုက်တာက ဆဲပုံကြီးကရီချင်စရာကြီးပင်မဲ့ ဖေဖေရဲ့ မျက်နာထားကြောင့် မရီရဲ။သူလုပ်ချင်ရာလုပ်ချလိုက်တုန်းကကြတော့ ဒီလိုလန့်ရမယ်ဆိုတာမသိ။

"ဖေဖေ ကလည်းစိတ်ကြီးပဲ မေမေပြောကူဦး"

နေတစင်း ဖေဖေဘေးထိုင်နေတဲ့ မေမေကိုစစ်ကူခေါ်တော့ မေမေကပါ သူ့ယောကျာ်းဘက်တော်သား....

"လုပ်ချင်ရာလုပ်ထားပြီးတော့ အခုမှကြောက်နေတာလား နေတစင်း..မင်းသာကိုယ်ချစ်တဲ့မိန်းကလေးကိုတန်ဖိုးထားရင် မိဘအစုံအလင်ရှိနေတာပဲ တောင်းရမ်းလက်ထပ်ပေါ့"

"မေမေ ဟိုဘိုးတော်ကသဘောမှမတူနဲ့ဟာ တော်တော်လက်ပေါက်ကပ်တဲ့ ဘဲကြီး သူကြတော့ မိန်းမနှစ်ယောက်တောင်တစ်ချိန်ထဲပေါင်းပြီးတော့"

The Sun Of Flower (S2 + S3)Onde histórias criam vida. Descubra agora