part~42

3.5K 105 3
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_42~~~~🦋

"ဟင် မောင် သဘာဝနားကြားမှားတာလား"

သူ့စေရာ က တရားခံကသူနဲ့ ပူပေါင်းတဲ့သူကိုပြောလိုက်တော့ မကသူ့လက်မောင်းကိုကိုင်ကာမေးတော့ သူခွန်းနေရောင်ကိုကြည့်ပြီး..

"ကိုအံ့ထူးအောင် နဲ့ မမိုင် ရဲ့သမီးသေချာရဲ့လား စေ"

"သေချာတယ်အစ်ကို ပိုပြီးသေချာအောင်ပြောရမယ်ဆိုရင် တရားသူကြီးဟောင်း ဦးအံ့ကမ္ဘာရဲ့ မြေးဆိုရင်တော့ သေချာလောက်ပြီထင်တယ်"

သူ့စေရာက ပိုပြီးသေချာအောင်ပြောလာတော့ သူနဲ့ သူမမှာ ဘယ်လို့မှငြင်းမရတော့။ခြယ်လေးက သားကိုအသက်န္တရာယ်ပေးတဲ့သူ နဲ့ ပူးပေါင်းလုပ်တာတဲ့။သားက အရမ်းရိုင်းစိုင်းနေတဲ့ကလေးလည်းမဟုတ်။ငယ်ငယ်ကတည်းကအတူနေအတူစားလာကြတာမောင်နှမအရင်းလိုဖြစ်နေတာကို ဘာကြောင့်လုပ်ရက်တာလဲ။

"ကျွန်တော်တို့ ညနေကြ ရဲစခန်းမှာတွေ့ကြမယ် အခုကိစ္စလည်း အစ်ကိုတို့သိသင့်တယ်ထင်လို့ လာပြောပြတာ ကျွန်တော်Hotel ကိုပြန်တော့မယ် အစ်ကိုလိုအပ်တာရှိရင်ဖုန်းဆက်လိုက်နော် ကျွန်တော်လည်း အမူပြီးရင် ပဲရစ်ကိုပြန်ချင်နေပြီ"

"ဘာလဲ မင်းရဲ့ပူတူးလေးကို လွမ်းလို့လား"

"သေချာတာပေါ့"

နေက စေနဲ့သူ့မိန်းကလေးအကြောင်း စေပြောပြထားတာမို့သိတော့ မေးလိုက်တော့ အဲရှေ့နေစုတ်ကညာတောင်မဖြေ။ဒီ ရှေနေစုတ် ကျန်တာတာအမှန်တရားဘက်တော်သား မိန်းမကြတော့ မတရားယူထားတာ ဟိုကသူ့ကို အခုထိပြန်မချစ်သေး။

သူ့စေရာ ကသူ့ကို နှုတ်ဆက်ပြီးပြန်သွားတော့ သူ့လက်မောင်းကိုကိုင်ကာ ငြိမ်နေတဲ့ မဘက်လှည့်ကာ....

"မ ဘာမှမဖြစ်ဘူး မောင်တရားစွဲတာကို ရုတ်သိမ်းလိုက်ပါ့မယ်"

သူကတော့ သားအတွက်မကျေနပ်ပင်မဲ့ သူအခုလိုတရားစွဲလိုက်ရင် ခြယ်လေးသေချာပေါက်ဒုက္ခရောက်မှာ။ကိုအံ့တို့မိသားစုကျေးဇူးက သူတို့မိသားစုအပေါ်မှာနည်းတာမဟုတ်။ပြီးတော့ မမိုင်ကလည်း မသူငယ်ချင်းအရင်းကြီး။

The Sun Of Flower (S2 + S3)Where stories live. Discover now