part~52

2.3K 70 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~52~~~

"အင့်.....ဟင်"

သဘာဝအိပ်ရာကနိုးလာတော့ သူမစိတ်မကောင်းကဖစ်ပြီးဝမ်းနည်းနေပင်မဲ့ ညကထမင်းစားပြီးတဲ့အချိန်တောင်ပြန်မရောက်လာသေးတဲ့ မောင့်ကို စောင့်ရင်အိပ်ပျော်သွားရာက အခုနိုးတော့ လက်ကလည်း သူအိပ်တဲ့နေရာကို စမ်းတော့ အေးစက်နေတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရှိ။

"မောင် !"

သူမလှဲနေရာက ထကာ သူပြန်မလာတာလား။သူမထက်အရင်နိုးပြီး အောက်ထပ်ဆင်းသွားတာလား။သူမရင်ထဲမှာလည်းအတွေးပေါင်းများစွာနဲ့။သူမမျက်နာလေးကလည်း ချက်ခြင်းစိုးရိပ်ခြင်း ဆုံးရှုံးရမှာကြောက်တဲ့ စိတ်တွေကြောင့် ပါးထက်မျက်ရည်တွေက ထက်ကျရပြန်သည်။သူမကျနေတဲ့မျက်ရည်တွေသုတ်ကာ ရေချိူးခန်းထဲမျက်နာဝင်သစ်ပြီး အောက်ထပ်ကိုဆင်းလာတော့ နှိုင်းယှဥ်တို့ မနက်စာပြင်နေတုန်းရှိသေးသည်။

"မမ နိုးပြီးလား ဒီနေ့နောက်ကျတယ်နော် "

ထမင်းစားခန်းထဲဝင်လာတဲ့ သူမကိုတွေ့တယ်ဆို နှိုင်းယှဥ်တို့ကမေးတော့~~

"အင်း နင်တို့အစ်ကိုလေးရော ဆင်းလာပြီးလား"

"မဆင်းလာသေးပါဘူး မမ"

ဒါဆို မောင် ညကတစ်ညလုံးပြန်မလာခဲ့ဘူးပေါ့။သူပဲ သူမမရှိရင်တစ်ညတောင်မနေနိုင်ဘူးဆိုတဲ့သူက သူမအစားတစ်ခြားမိန်းကလေးကြောင့် နေနိုင်သွားပြီလား မောင်။သူမဘဝမှာ အချစ်ရဆုံး အတွယ်တာရဆုံးက မောင်။သားကိုတောင်မှာ အချိန်တန် ချစ်ရသူကိုတွေ့ရင် သူမကိုထားသွားမှာဆိုပြီး ဖြေသိမ့်ခဲ့တဲ့အပြင် သူမအနားမှာ မောင်တစ်ယောက်ထဲပဲရှိမှာထင်ခဲ့တာ။သူမအသက်ကြီးလာတာက သဘာဝတရားအရလူတိုင်းဆိုတာနားလည်ပင်မဲ့ မောင့်အနားမှာရှိဖို့ သူမအရင်အချိန်တွေသာပြန်လိုချင်လာသည်။

"မမ နေမကောင်းဘူးလားဟင် နားနေလိုက်ပါလား မျက်နာလေးကဖြူဖျော့နေတာပဲ"

ယမှုံပြောတာကို သူမပြုံးပြပြီး ခေါင်းရမ်းက ဖေဖေ တို့ မေမေ တို့စားဖို့သူမပြင်ပေးဖို့လုပ်ရသည်။

The Sun Of Flower (S2 + S3)Where stories live. Discover now