part~51

2.3K 70 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~51~~~

ရှိုင်းထက်မြတ် ဘာလုပ်လို့လုပ်ရမှန်းမသိတော့တဲ့အခြေအနေရောက်လာလေပြီ။ပြီးတော့ သူ့ Company ရဲ့ ရှယ်ယာ 60 ရာခိုင်နှုန်းကို ရှယ်ယာရှင်တွေဆီက ဝယ်သွားတာကို သူရှယ်ယာရှင်တွေကတစ်ဆင့်သူသိပြီပြီ။ရှယ်ယာရှင်တွေကလည်း ပေါက်စျေးထက်ပိုပေးတော့ ရောင်းတာအပြစ်ဆိုမရ။ရှယ်ယာရှင်တွေကလည်း ရောင်းတာကိုသာပြောပြီး ဝယ်တဲ့သူကဘယ်သူဘယ်ဝါဆိုတာမပြော။

သူ company ရဲ့ 60 ရာခိုင်းနှုန်းပိုင်ဆိုင်သွားပြီဆို အဲ့လူက company ရဲ့ CEO အဖြစ်ထိုင်ရမှာ။ဒါပင်မဲ့ ရှယ်ယာတွေဝယ်ပင်မဲ့ အခုထိသူ့ရှေ့ထွက်မလာသေးတာ ဘာကြောင့်လည်း။

ရှိုင်းထက်မြတ် company ရုံးခန်းထဲက ဆုံလည်ခုံပေါ်မှာ စိတ်ညစ်ညစ်နဲ့ လက်မှတ်ထိုးရမှာတွေလည်း ပစ်ထားတာ သူ့စားပွဲပေါ်မှာ တောင်လိုပုံနေပြီ။ဘာဖြစ်တာလည်း အရင်နှစ်တွေတုန်းက အရာရာအဆင်ပြေခဲ့သလောက်အခုတော့ company ကိုသူများလက်ထဲအပ်ရမလိုဖြစ်နေပြီ။

ခန့်လည်း ရှိုင်းထက်မြတ် ဘေးမှာမက်တပ်ရပ်လျက်ကနေပြုံးနေမိသည်။သူများကို ဒုက္ခပေးတုန်းကရော ပြုံးနေနိုင်တယ်မဟုတ်လား။ကိုယ့်အလှည့်ကြလည်း ပြုံးနိုင်အောင်ကြိုးစားပေါ့။

"သူဌေး "

"ဘာလဲ အစည်းအဝေးခေါ်စရာရှိလို့လား"

သူမေးတာကို ခန့်ကခေါင်းရမ်းပြကာ...

" Mr.James Email ကနေစာပို့ထားပါတယ် သူနောက်လကြရင် ဒီ company မှာ လာထိုင်မယ်တဲ့ နေရာဖယ်ပေးဖို့အသင့်ပြင်ထားပါတဲ့"

ရှိုင်းထက်မြတ် ခန့်ပြောတဲ့ Mr.James ဆိုတဲ့ လူကို စိတ်ဝင်စားသွားရသည်။သူနဲ့ ဘာရန်ငြိုးရန်စရှိလို့ ဒီလိုလုပ်ရတာလဲ။သူ company ကို လာထိုင်မယ်ပြောတဲ့ အဲ့လူကဘယ်သူလဲ။

ရှိုင်းထက်မြတ်လည်း အတွေးများစွာဖြစ်ရသလို သူ့မှာ နေမင်းလက်ရာ ကြောင့် Hotel ပိတ်ခဲ့ရပြီးနောက် Company ကသာ သူ့အတွက်စီးပွားရေးဖြစ်ခဲ့သည်။အခု company ကလည်း သူတစ်ခါမှမမြင်ဖူးတဲ့လူလက်ထဲအပ်ရမှာလား။

The Sun Of Flower (S2 + S3)Where stories live. Discover now