Extra {2}

4K 108 4
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Extra {2}

"ဘာကွ !"

နေ သူ့စကားကြောင့် ကျော်သူရအော်သံကြီးထွက်လာတာကြောင့် ဖုန်းကိုနားနဲ့ ခွာထားရသည်။သူစိတ်ဆိုးချင်လည်းဆိုးစရာဆိုပင်မဲ့..

"ကျော်သူရ မင်းကလဲကွာ ဒါလေးအကူညီတောင်းတာကို မင်းသမီးလည်း မန္တလေးမှာဒီဇိုင်နာလုပ်မှာဆိုတော့ မင်းရဲ့သမက်တော်ကို ငါ့ Hotel ဦးစီးခိုင်းတာကို လစာက နှစ်ဆနော်"

နေ သူ့ဘာသာပြောရင်း ပြုံးနေမိသည်။သူတစ်ခုခုလိုအပ်လာရင် ဒီကောင်ကိုပဲအပူကပ်နေရတာ။အရင်တုန်းကလည်း သူကိုဆို အမြဲသည်းခံခဲ့တဲ့ကောင်ကို အခုလည်းအပူကပ်ရပြန်သည်။

"နေမင်းလက်ရာ !! မင်းနော် မင်း "

ဒါ ဒီကောင်လက်ခံလိုက်တဲ့စကားမို့ သူပြုံးငးကဘာမှပြန်မပြောတော့ပဲ ဖုန်းကိုချပစ်လိုက်သည်။သူဖုန်းပြောပြီးတော့ ကုတင်ပေါ်လှမ်းကြည့်လိုက်တော့ အိပ်နေတဲ့ မရဲ့ဘေးကနေ ထိုင်ပြီး သူ့ကိုနှုတ်ခမ်းဆူကာကြည့်နေတဲ့ ချစ်သမီး။

"သမီး ဘာဖြစ်လို့လည်း ဗိုက်ဆာလို့လား"

"ဟွန့်"

သူက သမီးအနားသွားဝင်ထိုင်တော့ သမီးကသူ့ကို မျက်စောင်းထိုးပြီး အိပ်နေတဲ့ မဘက်ကို လှည့်သွားတာကြောင့် သူဘာအပြစ်များလုပ်မိလည်း စဥ်းစားမိသည်။

"သမီး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ"

"ဟွန့် ဖေ့ကလီလီကို မချစ်ပါဘူး အမြဲငြိုငြင်နေတာ နေနေကြချစ်တယ် နေနေကြဖေဖေ့နာမည်ထည့်ထညးတယ် လီလီကိုကျမချစ်လို့မဟုတ်လား"

ကောင်းရော။ကားပေါ်မှာပြောလာတဲ့ ကိစ္စကို အခုအိပ်ရာကနိုးလာတာတောင်မမေ့။အသက်လေး 3နှစ်ကျော်လေးနဲ့စကားတက်လိုက်တာလဲ လွန်ပါလေရော။မ တောင်သူ့ကိုအဲလောက်မရစ်တက်ဘူး။ဒီအကျင့်တွေက ဘယ်သူနဲ့တူလည်း မေးစရာတောင်မလို။သားရော သမီးရောက သူကိုပိုချစ်ကြတာလဲမပြောနဲ့ အကျင့်စရိုက်တွေအကုန်တူတာကို။အခုလည်းသူကို ငြိုငြင်နေပါတယ်ပြောနေတဲ့သမီး။

The Sun Of Flower (S2 + S3)Where stories live. Discover now