part~18

2.9K 108 7
                                    


🔰The Sun Of Flower {Season 2}🔰

{Uni}

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_18~~~~

"ဘယ်လို!!"

လင်းကသူကို မောင်လေးလို့ ခေါ်လိုက်တာကို သူသဘောကျသွားကာပြုံးပြီး မေးလိုက်သည်။

"နင်က ငါ့ကို မမလင်းလို့ခေါ် ငါကနင်ကို မောင်လေးနေတစင်းလို့ခေါ်မယ်"

"ကျွန်တော်က မောင်လေးမဖြစ်ချင်ဘူးဆိုရင်ရော"

"ဘာဖြစ်ချင်တလည်း နင်က"

"လင်း ရဲ့ ကောင်လေးဖြစ်ချင်တာ"

"အင်း ဖြစ်ရ..ဟင်"

သူမ သူ့စကားကိုသေချာနားမထောင်ပဲ ဖြစ်ရမယ်ဆိုပြီး ပြောတော့မလို့ရှိသေး စဥ်စားမိလိုက်တာကြောင့် နေတစင်းကို့ကြည့်လိုက်တော့ နောက်နေတဲ့ပုံမပေါ်။

သူစိတ်ခံစားချက်ကို မျိူသိပ်နေရတာမကြိုက်တာကြောင့် လင်းကိုဖွင့်ပြောဖို့ဆုံးဖြတ်ကာပြောလိုက်သည်။

"နင်ငါ့ကို နောက်နေတာလား"

"ကျွန်တော်ပုံကနောက်တဲ့ပုံပေါ်နေလို့လား လင်း"

"နင်မနေ့က မှီစလိုက်တာကို....."

သူ လင်းရဲ့စကားကို ဆုံးအောင်ပြောခွင့်မပေးပဲ...

"ကျွန်တော် လင်းအပေါ်ခံစားချက်ရှိနေတာကိုသိတာ ကြာပါပြီ ဒါပင်မဲ့ ခံစားချက်ကိုမြိုသိပ်ရတာပင်ပန်းလို့ ဖွင့်ပြောတာ လင်းကို အနေခက်စေဖို့မရည်ရွယ်ဘူး"

သူအပေါ် သူမခံစားချက်ရှိပင်မဲ့ သူဘက်ကသူမအပေါ်ခံစားချက်ရှိနေတာ သူဖွင့်ပြောလို့သာယုံရသည်။တည်ငြိမ်စွာပြောလာတဲ့သူကို လင်းလည်း သူအပေါ်ခံစားချက်ရှိတာကြောင့် အချိန်မဆွဲချင် ဒါကြောင့်....

"ငါနင့်ကို ငါ့ကောင်လေးအဖြစ်လက်ခံတယ် ငါအနားမှာအမြဲရှိပေး"

သူလိုချင် အဲတာ သူကချစ်ခွင့်ပန်ရင် ချစ်ရင်ချစ်တယ် မချစ်ရင်မချစ်ဘူးတစ်ခါထဲပြောစေချင်သည်။အချိန်ဆွဲနေတာ သူမကြိုက်။လင်းကသူနဲ့ အရာရာတူတာကြောင့် စိတ်ထဲရှိတာအမှန်တိုင်းပြောတယ်ဆိုတာ သူနားလည်သူခံစားရသည်။

The Sun Of Flower (S2 + S3)Where stories live. Discover now