part~22

3.1K 120 4
                                    

{Uni}

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_22~~~~🧡

"တောက်စ့်"

သားအပေါ်ထက်တက်သွားတယ်ဆို မောင်ကသူ့ Latop ကို ဧည့်ခန်းကိုယူကာ stickကို ထိုးလိုက်ကာ အထဲကပါ တဲ့ CCTV File ကိုကြည့်ပြီးတော့ တောက်စ့် တစ်ခက်ခက်နဲ့မကျေနပ်နေတဲ့မောင်။သူမလည်း အံ့သြမဆုံး သားကဒီကိုပြန်ရောက်တာ တစ်လလောက်ရှိသေးတာကို ဘယ်သူတွေကများ ရန်ငြိုးတွေထားနေလည်းဆိုတာ။

"သူတို့ တရားစွဲပြီး အမူခေါင်းစဥ်တွေကို တစ်သက်တစ်ကျွန်းကျအောင်ကို လုပ်မယ်"

သားဖြစ်သူကို ထိခိုက်အောင်လုပ်လို့ဒေါသထွက်နေတဲ့မောင်။

ဦးနေမင်းလည်း ဒေါသထွက်ရင်စိတ်ရိုင်းဝင်တက်တဲ့သားဖြစ်သူအကြောင်းသိတာမို့ တားရတော့သည်။

"သား ဒယ်ဒီပြောမယ် စိတ်ကိုတအားမလောနဲ့ အခုသားကိုယ်ချင်းစာတက်ပြီမဟုတ်လား"

"ဘာကိုလည်း ဒယ်ဒီ"

"သားက သားရဲ့သွေးသားကိုထိတော့ဒီလောက်ဖြစ်နေတာ ဒယ်ဒီတို့တုန်းကရောဘယ်လိုခံစားရမယ်ဆိုတာ သားခံစားတက်နေပြီမဟုတ်လား"

သူဒယ်ဒီပြောတာကို ခေါင်းငြိမ့်ပြလိုက်ပြီး...

"သားနားလည်ပါပြီ ဒယ်ဒီတို့အပေါ်ဆိုးခဲ့တဲ့ အချိန်တွေကို တွေးကြည့်ရင် နောင်တမရပါဘူး"

နောင်တရတယ်ပြောမလားလို့မိဘတွေကမှတ်ပါတယ် နောင်တမရဘူးတဲ့။တကယ်ကို နေမင်းလက်ရာဆိုတဲ့ကောင်က လက်ပေါက်ကက်တဲ့ကောင်။

"သားမိဘတွေရဲ့ မေတ္တာတရားကိုနားလည်သွားပါပြီ နောင်တမရဘူးဆိုတာ အဲလိုဆိုးခဲ့လို့လည်း သားမိန်းမလေးရဲ့အချစ်ကိုရတာလေ"

မိဘတွေ မျက်နာမကောင်းဖြစ်သွားတာမြင်တော့ချက်ခြင်းပြန်ရှင်းပြသည်။

"မောင် ဒါဆိုဘာဆက်လုပ်ကြမှာလည်း"

သူမမေးတာကို ခေါင်းငြိမ့်ကာ...

"မောင် ပဲရစ်က ရှေ့နေငှားမယ်"

"မောင်ရယ် နိုင်မယ်မှန်းသိသိရက်နဲ့ ဘာလိုပိုက်ဆံတွေအကုန်ခံမှာလည်း"

The Sun Of Flower (S2 + S3)Where stories live. Discover now