part~53

2.4K 65 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~53~~~

"ပြန်လာပြီလား နေမင်းလက်ရာ!"

သူအိမ်ထဲဝင်လာပြီး ဧည့်ခန်းရှေ့ကကျော်တယ်ဆို ဧည့်ခန်းထဲက မာမီအသံကြောင့်သူခြေလှမ်းကို နောက်ဆုတ်လိုက်ကာ ဧည့်ခန်းထဲဝင်လာလိုက်သည်။သူဧည့်ခန်းထဲ ဝင်လာတယ်ဆို တည်တင်းနေတဲ့ ဒယ်ဒီ နဲ့မာမီမျက်နာအနေအထားကြောင့် သူမာမီတို့နဲ့အနီးကဆိုဖာမှာဝင်ထိုင်လိုက်သည်။

"မင်းကိုမင်း လူပျိူလူလွတ်မှတ်နေလား ကိုယ့်အသက်အရွယ် နဲ့ ကိုယ့်သားလူပျိုပေါက်ရှိနေတာ နည်းနည်းနားလည်ဦးမှပေါ့ မင်းကတော့အပြင်မှာ သာယာနေမှာပေါ့ ငါ့ချွေးမလေးကတော့ မအိပ်နိုင်မစားနိုင်နဲ့!!"

ဒယ်ဒီက မက်တပ်ရပ်ခါးထောက်ပြီးပြောတော့ သူဘာမှပြန်မပြောနိုင်။သူငြိမ်နေတာကို မာမီကလည်း....

"မင်း သမီးကို တကယ်မှချစ်ရဲ့လား ဟမ် ! မင်းပြောတဲ့ တစ်ညတောင်မခွဲနိုင်ဘူးဆိုတာ ဒါလား"

"မာမီ!"

သူ မာမီကို ပြန်ပြောဖို့ပြင်လိုက်ပင်မဲ့ ရှေ့ဆက်ဖို့စကားက ပါးစပ်ကဆက်ပြီးထွက်မလာတော့ပဲ...

"သား အလုပ်ကိစ္စတစ်ခုကြောင့်ပါ ဖုန်းဆက်ဖို့မေ့သွားတာ မကအခု အပေါ်မှာလား"

"အပြင်သွားတယ် မိုင်လာခေါ်သွားတာ နေ့လည်က"

မာမီက နေ့လည်ကလာခေါ်သွားတယ်ဆိုတာကြောင့် သူလက်ကနာရီကိုကြည့်လိုက်တော့ 4နာရီခွဲတော့မှာမို့ စိတ်ထဲတစ်မျိူးဖြစ်သွားရသည်။

"4 နာရီတောင်ခွဲတော့မယ် အခုထိပြန်မလာသေးဘူး သား ဖုန်းဆက်လိုက်ဦးမယ်"

ပြောပြီး အပေါ်ကုတ်အတွင်းအိတ်ထဲက ဖုန်းထုတ်ကာ မ ဖုန်းကိုခေါ်လိုက်တော့ စက်ပိတ်ထားသည်ဆိုတာကြောင့် သူ မမိုင်ဖုန်းကိုပြောင်းခေါ်လိုသည်။

"Hello"

"မမိုင် ဆီမှာ မရောက်နေတာမဟုတ်လား ကျွန်တော် လာခေါ်မလို့"

"လာမခေါ်ပါနဲ့လား ဒီမှာတစ်ညလောက်သူအိပ်ချင်လို့တဲ့ မနက်ကြမှအစ်မလိုက်ပို့ပေးမယ်"

The Sun Of Flower (S2 + S3)Where stories live. Discover now