part~37

2.5K 85 1
                                    


🔰The Sun Of Flower {Season 2}🔰

☀️နေနှစ်စင်းရဲ့ ချစ်ပုံပြင်☀️

Part_37~~~~🦋

ဆေးရုံဆင်းမည့်နေ့.....

လက်မောင်းရိုးအက်သွားတာကလည်း သိပ်မဆိုးတာမို့ ဆေးရုံမှာ 3ရက်လောက်နေပြီ ဒီနေ့ဆေးရုံကဆင်းရမှာဖြစ်သည်။ဒီနေ့နဲ့ဆို 4ရက်  ချစ်ရသူနဲ့ တစ်နိုင်ငံထဲတစ်မြို့ထဲ ရှိနေရဲ့သားနဲ့ ဝေးကွာနေရတာ။တစ်ယောက် နဲ့တစ်ယောက် အထင်လွဲစရာတောင်မရှိပဲ ခွဲခွာနေရတာ တကယ်ခံစားရခက်သည်။

"သား သက်သာလား မေမေဘာလုပ်ပေးရမလည်း"

သူရင်ထဲကလောင်မြိုက်နေတဲ့ ရောဂါကိုရော မေမေမြင်ရဲ့လားမသိ။သူ့ခန္တာကိုယ် ကကမ္ဘာပေါ်ကအချစ်ဆုံးအမျိူးသမီးဆီမှာရှိနေပြီး သူ့စိတ်ကတော့ သူနှလုံးသားရဲ့ဆေးဖြစ်တဲ့သူမရှိမှာပေါ့။

"ရပါတယ် လက်မောင်းကနည်းနည်းနာရုံကလွဲ ကျန်တာအကုန်ကောင်းသွားပြီ "

အရင်လို ရွှင်ရွှင်လန်းလန်းမရှိတော့တဲ့သားက ဟန်ဆောင်အပြုံးတုနဲ့သူမကို ဘာမှမဖြစ်တော့ကြောင်းပြောနေတာ သူမလည်းမိခင်တစ်ယောက်မို့ခံစားတက်သည်။

" သားမင်းလက်မောင်းကောင်းသွားတဲ့အခါ တစ်နှစ်လောက် GYM မဆော့နဲ့နော် ဆရာဝန်မှာလိုက်တယ်"

ဖုန်းကိုလက်ကကိုင်ကာ ဆရာဝန်ဆီကပြန်လာတဲ့ ဖေဖေကသူ့အနားလျှောက်လာပြီးပြောသည်။

"သားက gym မှမဆော့တာ ဖေဖေလိုခန္တကိုယ် အလှကိုသိပ်ဂရုမစိုက်ပါဘူး ပြီးတော့ သိတယ်မဟုတ်လား သားက မွေးကတည်းကပြင်ဆင်စရာမလိုအောင် တောင့်ပြီးသား ဒီမှာ အ့"

ဖအေကို စောက်ခွက်ပြောင်ချင်တာနဲ့ ဒဏ်ရာရထားတာကိုမေ့ပြီး လက်ကိုမြှောက်လိုက်တာမို့နာသွားရသည်။

Ring~~~Ring~~~Ring

"Hello"

"............"

"အင်း ဒါဆိုအစ်ကိုသားကို အိမ်ပြန်ပို့ပြီးရင်လာခဲ့မယ်လေ "

"........"

"အစ်ကို သူ့ဘာသာဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး လုပ်စရာရှိတာဆက်လုပ်ကြမယ်"

The Sun Of Flower (S2 + S3)Where stories live. Discover now