part~15

3K 99 1
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_15~~~~

သူအိမ်ပြန်ရောက်တယ်ဆို အပေါ်ထပ်ကသူ့အခန်းထဲတန်းဝင်လာလိုက်ပြီး လင်းပေးတဲ့ပန်းစည်းကို စားပွဲပေါ်တင်လိုက်သည်။သူအမြဲတန်းသိမ်းထားခဲ့တဲ့ လွန်ခဲ့ 15နှစ်က Christmas နေ့မှာ ကောင်မလေးတစ်ယောက်ဆီက ကျူလစ်ပုံပါတဲ့ ကလစ်လေး။သူကလစ်လေးကို ထည့်သိမ်းထားတဲ့ လက်ဆောင်ဘူးလေးကို မုန်တင်ခုံ အံ့ဆွဲထဲကထုတ်ကာ ကြည့်လိုက်မိသည်။သူမ ပန်းစည်းပေးတာကို သူက ကလစ်ကလေးထုတ်ကြည့်မိနေတာ ဘာမမဆိုင်။သူကိုယ်တိုင်ကာ ဒီကလစ်လေးကို ထုတ်ကြည့်ချင်နေတာ။

ဒေါက် ဒေါက်

သူကလစ်လေးကိုကြည့်နေတုန်း တံခါးလာခေါက်တာကြောင့် သူကလစ်လေးကို ဘူးထဲပြန်ထည့်ပြီး အံဆွဲထဲကို ပြန်သိမ်းလိုက်သည်။သူကလစ်လေးထဲ ပြီးမှ တံခါးဖွင့်လိုက်တော့......

"သား ဘာလုပ်နေတာလည်း နောက်ကျတယ်နော်ပြန်လာတာ"

သူမသားပြန်လာတာကို ဧည့်ခန်းထဲမေမေတို့နဲ့ စကားပြောနေရင်းတွေ့တာကြောင့် မှောင်ခါနီးမှပြန်လာတဲ့ သားဖြစ်သူကိုမေးတော့...

"သား သူငယ်ချင်းပျောက်နေတဲ့ပစ္စည်းကို လိုက်ရှာပေးနေလို့ပါ မေမေ"

"အင်း မေမေသားကိုပြောစရာရှိလို့"

"ဟုတ်မေမေ အထဲမှာဝင်ပြောလေ"

သူမေမေပုခုံးကိုဖက်ကာ ကုတင်ပေါ်ထိုင်စေလိုက်ပြီး သူမေမေဘေးဝင်ထိုင်လိုက်သည်။

"သား မနေ့ကခြယ်လေးကိုပြောလိုက်တဲ့ ကိစ္စ မေမေပြောမလို့"

"ဟုတ်ပြောပါ မေမေ"

"သား မဟုတ်တာမလုပ်ဘူးဆိုတာ မေမေယုံတယ် ဒါပင်မဲ့ ခြယ်လေးကအကြီး သူကစိတ်ပူလို့ပြောတာ သားက အင်းဆိုပြီးပြောလိုက်ရင်ပြီးနေတဲ့ ကိစ္စ မေမေသားကို ဆိုးတာကဘာမှမပြောဘူး ရိုင်းတာကို မေမေခွင့်မပြုဘူးသား ခြယ်လေးဖေဖေ ကိုအံနဲ့ သားဖေဖေက ညီအစ်ကိုအရင်းလိုနေကြတာ သားပြောလိုက်ပုံတွေကသာ ခြယ်လေးပြန်ပြောလိုက်ရင် သားဖေဖေကမဆုံးမရာမကျသွားဘူးလား"

The Sun Of Flower (S2 + S3)Where stories live. Discover now