part~27

3.2K 106 5
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_27~~~~🌟

တရားရင်ဆိုင်ရမည့်နေ့.....။

"တရားခံဘက်က ရှေ့နေကအခုထိမရောက်သေးဘူးလား"

တရားသူကြီးမေးတယ်ဆို နေနာရီကိုကြည့်လိုက်တော့ 2နာရီ 5မိနစ်ဖြစ်နေပြီ။သူ့ကိုဖုန်းဆက်တော့လာနေပြီတဲ့။သူ နောက်ကျသွားရင်သားအတွက်မကောင်းတာကြောင့် အန်ကယ် ကိုဖုန်းဆက်မို့ပြင်လိုက်ချိန် တရားရုံးထဲ​ရှေ့နေဝတ်စုံလေးနဲ့ဝင်လာတဲ့ ကောင်လေးတစ်ယောက်။

" တောင်းပန်ပါတယ် တရားသူကြီးမင်း"

လို့ပြောကာ တရားလိုရှေ့နေနဲ့မျက်နာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။ပြီးတော့မက်တပ်ပြန်ရပ်ကာ .....

"ကျွန်တော်ကတရားခံဘက်က ရှေ့နေ့သူ့စေရာပါ ပဲရစ်ကနေလာရတာမို့ အနည်းငယ်နောက်ကျသွားတာပါ"

"ရပါတယ် အမူစမယ်"

တရားသူကြီးကပြောတယ်ဆို ရှေ့နေနှစ်ယောက်လုံးမက်တပ်ရပ်နေပြီး တရားလိုရှေ့နေက.....

"တရားခံကို အနည်းငယ်မေးမြန်းခွင့်ပြုပါတရားသူကြီးမင်း"

"မေးပါ"

တရားသူကြီး ခွင့်ပြုတယ်ဆို သူ့စေရာက သူထိုင်ခုံမှာသူပြန်ထိုင်လိုက်ပြီး တရားလိုဘက်က ဝါရင့်ရှေ့နေ အစစ်ဆေးခံဖို့ရပ်နေတဲ့ နေတစင်းနားသွားကာ....

"လူကိုသေစေလောက်တဲ့အထိ ထိုးကြိတ်ရအောင် ရန်ငြိုးတွေရှိလား"

"ရန်ငြိုးရှိဖို့ နေနေသာသာ ကျူပ်ကဒီနိုင်ငံပြန်ရောက်တာတောင်ကြာသေးတာမဟုတ်ဘူး ကျူပ်မိသားစုနဲ့ လူအနည်းငယ်ကလွဲ ကျန်တဲ့သူတွေသိတာတောင်မဟုတ်ဘူး"

သူရဲ့ ဂျစ်တစ်တစ်အပြောကြောင့် တရားလိုဘက်ကရှေ့နေကမျက်မှောင်ကုတ်ကာ....

"အဲ့လူအနည်းငယ်ကိုပြောပေးပါ"

"အမူနဲ့မဆိုင်တဲ့ Personal ကိစ္စကိုမေးခွင့်မရှိပါဘူး တရားလိုရှေ့နေခင်မျ"

သူ့စေရာ ထိုင်နေရာကထကပြောတော့ တရားလိုရှေ့နေကသူဘက်လှည့်ကာ...

The Sun Of Flower (S2 + S3)Where stories live. Discover now