part~45

2.6K 70 1
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_45~~~~🦋

သင်္ကြန်အကြိုနေဆိုပင်မဲ့ လူတွေကလမ်းမပေါ်အပြည့်။မြန်မာသင်္ကြန်ဟာ တကယ်ကို ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုဆိုတာထက် တစ်ယောက် နဲ့တစ်ယောက်  သိသိမသိသိ မုန့်လုံးရေပေါ် ဒါမှမဟုတ် တစ်ခြားမုန့်တွေကို စတုဒိသာကျွေးတာ အကုန်ခေါ်ကျွေးတာက မြန်မာလူမျိူးရဲ့ ဖော်ရွေမူကိုထင်ဟက်နေသည်။သင်္ကြန်သီချင်းတွေက လည်း ရေသဘင်ပွဲတော်နဲ့အတူ သာယာငြိမ့်ငြောင်းစွာ။

"အေးနေပြီလား"

ပါးက သူမကိုအနောက်ကနေဖက်ကာ ရေစိုနေတဲ့ပါးလေးကို နမ်းကာပြောတော့ သူမခါးဖက်ထားတဲ့ ပါးလက်ကိုကိုင်ကာ ခေါင်းရမ်းပြလိုက်သည်။

"စတုဒီတာ ဝင်စားကြမလား အရှေ့မှာကျွေးနေတယ်"

စပါပြီ အငတ်မကဗျာမမှီရဲ့ ငတ်ကြောထားခြင်းအနုပညာ။ကို အငတ်ကြောထတက်တဲ့သူငယ်ချင်းမကို မျက်စောင်းထိုးမိလိုက်သည်။သူမတို့ စတုဒိတာကျွေးတဲ့နားရောက်တယ်ဆို သူမတို့ကိုကားလိုက်မောင်းပေးတဲ့ မှီချစ်သူရဲ့ သူငယ်ချင်းကကားကိုရပ်လိုက်သည်။

ကို နဲ့မှီက စကပ်အရှည်လေးတွေဲ့ ခါးတိုကိုယ်ကြပ်လေးလေးတွေကို ဆင်တူဝင်လာတာမို့ ညီအစ်မလားထင်ရသည်။သူမက ပါးလက်ကိုဆွဲပြီး မှီက သူရဲ့ကိုကြီးလက်ကိုဆွဲကာ မုန်လုံးရေပေါ် စတုဒိတာကျွေးနေတဲ့ မဏ္ဍပ် ထဲဝင်လာလိုက်သည်။

"မမတို့ အစ်ကိုတို့လာကြ"

ချစ်စရာဝကစ်ကစ်ကလေးလေးကသူတို့ကို ခေါ်ပြီး မဏ္ဍပ် ထဲဝင်ခိုင်းက မုန့်တွေယူပေးပြီး နေတစင်း ဘေးနားထိုင်ကာ မခွာပဲနေတာ မို့.....

"မီးမီး ကိုကိုနားနေချင်လို့လား"

လို့ မှီကမေးတော့ ဝကစ်ကစ်နဲ့ ချစ်စရာကလေးလေးက နေတစင်းကိုကြည့်ပြီး....

"ကိုကို ကချောတယ် ဒီနေ့တွေ့တဲ့အထဲ ကိုကိုအချောဆုံးပဲ ဒါလေးသုတ်လို့ရမလား"

ဆိုပြီး လက်တစ်ဖက်က အိုးမဲတွေကိုပြကာပြောတော့ နေတစင်း သူ့မိန်းကလေးမျက်နာကြည့်တော့ ခေါင်းငြိမ့်ပြတာမို့ သူပါးကိုကလေးရှေ့တိုးပေးလိုက်တော့ လက်သေးသေးလေးတွေနဲ့ သူပါးကို သုတ်လိုက်တော့ လက်ငါးချောင်းရာလေးက သူ့ပါးမှာအကွက်လိုက်။

The Sun Of Flower (S2 + S3)Where stories live. Discover now