part~61

5.2K 120 6
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~61~~~{Final}

"ဒါ ဒါ"

နေတစင်း သူမျှော်လင့်တဲ့  မင်္ဂလာဦးညရောက်လေပြီမို့ ရေမိုးချိူးပြီး ရေချိူးခန်းထဲဒိုက်တွေထိုးကာ ထွက်လာတော့ ကုတင်ပေါ်မှာ သူနဲ့ သူမရဲ့ မင်္ဂလာကုတင်ပေါ်မှာ အိပ်နေတဲ့ လီလီ ကိုတွေ့လိုက်တာကြောင့် မုန်တင်ခုံရှေ့ထိုင်ဆံပင်ဖြီးနေတဲ့ Light နားသွားကာ...

"Light ပေါက်စီမကဘယ်လိုလုပ်ဒီရောက်နေတာလဲ"

"အန်ကယ် လာပို့သွားတာ အန်တီနေသိပ်မကောင်းချင်နေလို့တဲ့ ဒီနေ့ဧည့်သည်ကနှစ်ဖက်အသိုင်းအဝိုင်းကလူကုန်လာတော့ ပင်ပန်းသွားတယ်ထင်တယ်"

နေတစင်း Light ဘာပဲပြောပြော ဖေဖေဒါသက်သက်လုပ်တာသူသိသည်။သူ့ရဲ့မင်္ဂလာဦးညလေးကို သက်သက်နှောက်ယှက်တာ။

"ပြန်သွားပို့မယ် ! ဖေဖေသက်သက်လုပ်တာ"

ဆိုကာ အောက်ပိုင်းတဘတ်တစ်ထည်တဲ့နဲ့ ကုတင်ပေါ်တက်ကာ အိပ်နေတဲ့ ပေါက်စီမကို ပွေ့မလို့ရှိသေး ညဝတ်ဂါဝန်အသားရောင်လေးနဲ့ Light က ကုတင်တစ်ဖက်ကနေတက်လာပြီး...

"ကလေးအိပ်နေတာကို ပါး ကလည်းအိပ်ပါစေ "

"မဟုတ်ဘူးလေ ဖေဖေသက်သက်အကျင့်ယုတ်တာ"

ပါးက အန်ကယ်ကိုမကျေမနပ်ပြောတော့ သူမကသက်ပြင်းချရင်း...

"ပါးရယ်တစ်ညတစ်လေပဲကို နောက်ကျတွေကြလည်း အတူတူအိပ်ရမှာကို မင်္ဂလာဆောင်တဲ့ညမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး တစ်ယောက်နဲ့ တစ်ယောက်အတူရှိတဲ့အချိန်တိုင်းက မင်္ဂလာဦးပါပဲ အခုတော့အဝတ်အစားသွားဝတ်တော့ မုန်တင်ခုံပေါ်မှာ ပါးဝတ်ဖို့ထုတ်ပေးထားတယ်"

သူမပြောလို့ မအီမသာမျက်နာထားနဲ့ လက်ခံလိုက်ရပင်မဲ့ ဖေဖေကို နည်းနည်းလေးမှမကျေနပ်။ဒါ သူတို့လင်မယားကြည်နူးရင် သူနှောက်ယှက်လို့သက်သက်လုပ်တာ။ဖေဖေကလည်း တကယ်ကိုသူကိုတစ်ခုခုလုပ်ရင် ပြန်လုပ်ရမှကျေနပ်တဲ့ ဦးပြန်လုပ်ကြီး။

ပါး သူမပြောတယ်ဆိုကုတင်ပေါ်ကဆင်းသွားပြီး မုန်တင်ခုံပေါ်တင်ပေးထားတဲ့ ဘောင်းဘီအတိုနဲ့ T_Shirt ကိုယူကာအဝတ်လဲခန်းထဲဝင်သွားတော့သည်။သူမလည်းအိပ်နေတဲ့ ပါး ညီမလေးဘေးလှဲကာ ပါးဖောင်းဖောင်းလေးကိုနမ်းမိသည်။ဒီကလေးတကယ်ဆုတောင်းကောင်းတဟမပြောရမည်။ဘာလို့ဆို မျက်ခုံလေးကလည်းထူထူလေး အဓိကနေရာကတော့ နှုတ်ခမ်းလေးကကိုက်ဆွဲချင်စရာလေး။သူမလည်း ပါးအတွက်ဒီလို ချစ်စရာကလေးလေးမွေးပေးချင်ပါသေးသည်။

The Sun Of Flower (S2 + S3)Where stories live. Discover now