part~54

2.5K 62 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~54~~~

သဘာဝ နေ့လည်စာချက်ပြီးတော့ သူအလုပ်သွားချိန်ရောက်ပြီမို့ ဘာမဆို သူမလုပ်ပေးမှာဖြစ်တဲ့သူ့အကြောင်းသိတာကြောင့်အပေါ်တက်လာလိုက်သည်။ သူမတို့တစ်ယောက် နဲ့တစ်ယောက် မနေ့ကကိစ္စတင်မက အိပ်ခါနီးလည်း စကားထက်များထားကြသေးသည်။

မနေ့ညက အိပ်ခါနီး.....

နေ နေ့လည်ကိစ္စက သူနားလည်နိုင်တာမို့ စိတ်မဆိုးနိုင်တော့ပဲ ထားလိုက်ကာ ဧည့်ခန်းကနေ TV ခဏကြည့်ပြီး ပြန်တက်လာတယ်ဆို သူမက သူကိုအရေးမလုပ်ပဲ အိပ်ဖို့လုပ်နေတော့ သူလက်မောင်းကလက်ဆွဲလိုက်တော့.....

"ဘာလဲ..."

"စကားပြောရအောင် ပြောစရာရှိတယ် အရေးကြီးတယ်"

သူမကို သူ့ဘက်သေချာလှည့်ကာ မျက်နာကိုတည့်တည့်ကြီး ပြီး အရေးကြီးတာပြောစရာရှိတယိဆိုတဲ့မောင့်မျက်နာက ဆုံးဖြတ်ထားတဲ့ကိစ္စမပြင်သောမဲ့ မျက်နာမို့ သူဘာပြောမှာလည်း သိတဲ့သူမကလဲ.....

"နားမထောင်ချင်ဘူး ငါအိပ်ချင်နေပြီ!"

"မဟုတ်ဘူးလေ မရာ မောင်ပြောတာနားထောင်ဦးမှာပေါ့ တစ်နေကုန်လို့ အိပ်တော့မယ် စိတ်ဆိုးမပြေသေးဘူးလား မောင်ချော့နေတာပဲ "

သူဘယ်လိုပြောပြော သူမကနားမထောင်ဘူးငြင်းကာ ဘူးခံနေတာမို့ နေစိတ်ကအသဲယားတဲ့ဘက်ရောက်လာကာ သူမ နှုတ်ခမ်းကို လှမ်းနမ်းလိုက်တော့ စောင့်တွန်းခံလိုက်ရတာကြောင့်....

"ဟာ ! တစ်ညလေးအပြင်မှာ နေလိုက်မိတာ ဒီလောက်ကြီးကျယ်သွားတယ်လား ပြောင်းလဲတာ မြန်တယ်နော်!!"

သူပြောတာက တစ်ညလေးတဲ့။အဲ့တစ်ညလေးနဲ့တင် မောင့်မိန်းမရူးတော့မလိုဖြစ်နေတာ မောင်သိရဲ့လား။ကိုယ်ယောကျာ်း ရင်ခွင်ထဲ တစ်ခြားမိန်းမတစ်ယောက်ဝင်နေတာ မြင်တဲ့ သဘာဝ နေရာကို မောင့်ကိုသိစေချင်မြင်စေချင်လိုက်တာ။သဘာဝ အရာရာကိုသဘောထားကြီးနိုင်ပင်မဲ့ အဲ့ထဲ သဘာဝတစ်ယောက်ထဲပိုင်တဲ့ မောင်မပါဘူးမောင်။မောင်ပေးတဲ့အနမ်းက သဘာဝကို ရည်ရွယ်နမ်းတာလားဆိုတာမသေချာတာကို လက်ခံရမှာလား မောင်ရယ်။သူကခါးထောက်ပြီးတစ်ဖက်လှည့်သွားတော့ သူမကမျက်လုံးအိမ်ထဲ မျက်ရည်တွေပြည့်လာကာ ပါးပြင်ထက်စီးကျကုန်တော့သည်။

The Sun Of Flower (S2 + S3)Where stories live. Discover now