part~10

3.6K 117 8
                                    


🔰The Sun Of Flower {Season 2}🔰

📚ချစ်ခဲ့သမျှ.📚

Part_10

☕️ B Love coffee & cake☕️

ဆိုတဲ့ဆိုင်ရှေ့မှာကားကိုထိုးရပ်ပြီး ကားပေါ်ကဆင်းကာ ကားကို Lock ချလိုက်သည်။ကား Locke ချပြီးတယ်ဆို ဆိုင်ထဲဝင်လာပြီး ကောင်တာမှာ coffee ဆိုင်ရဲ့ VIP အခန်းကို သူမပြောတဲ့အတိုင်းမေးကာ card ယူလနုက်သည်။Card ယူပြီးတယ် ဆိုင်ဝန်ထမ်းလိုက်ပြတဲ့အခန်းရှေ့ရောက်တယ်ဆို ကျေးဇူးတင်ကြောင်းပြောပြီး အခန်းထဲဝင်လာလိုက်သည်။VIP အခန်းဆိုသည့်အတိုင်း အထဲမှာက ဝါးလုံးအိမ်ပုံစံလေးကိုမှ ထိုင်ခုံစားပွဲကအစ ဝါးနဲ့လုပ်ထားပုံက သဘာဝဆန်လှသည်။သူမြန်မာအနုပညာလက်ရာကို တကယ်သဘောကျသည်။သူကိုကျောပေးကခုံမှာထိုင်နေတဲ့ ကိုရှေ့မက်တပ်သွားရပ်လိုက်ပြီး.....

"နင်ဘာဖြစ်လို့လည်း အဆင်ပြေရဲ့လား"

သူမေးလိုက်တယ်ဆို မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့သူမ​က ထိုင်ရာမှထကာ သူကိုဖက်ပြီး ငိုတော့သည်။

"ဟင့် ဟီး ဟင့် ဟီး"

သူကိုဖက်ပြီး ငိုနေတဲ့ပုံစံကတော်တော်ခံစားနေရတဲ့ပုံပေါက်တာကြောင့် သူမကိုပြန်ဖက်ထားလိုက်သည်။

"ဘာဖြစ်တာလည်း ဘယ်သူအနိုင်ကျင့်လို့လဲ"

"ဟင့် ငါလေ ငါအရမ်းပင်ပန်းနေပြီသိလား ဟင့်ဟီး"

သူကိုဖက်က ရင်ဖွင့်နေတာကြောင့် သူငြိမ်သက်စွာနားထောင်ပေးနေလိုက်သည်။

"ဒယ်ဒီက ငါ့ကိုမချစ်ဘူးသိလား ဟင့် မိထွေး နဲ့ မယားပါ သမီးဘက်ကအမြဲရပ်တည်တယ် ဟင့် ငါဝမ်းနည်းတဲ့အခါတိုင်း တစ်ယောက်ထဲခံစားခဲ့ရတယ် ဟင့် ဟီး"

ကလေးတစ်ယောက်လိုငိုနေတဲ့ ကို ကိုကြည့်ပြီး သူစိတ်မကောင်း။သူမမိသားစုကြောင့်ခံစားနေရတဲ့အနေအထား သူနားမလည်ပင်မဲ့ တော်တော်ခံစားနေရတာသူသိသည်။

"တိတ်နော် နင့်ဘက်မှာငါရှိတယ် ဟုတ်ပြီလား နင်လိုအပ်ချိန်တိုင်းရှိနေပေးမယ်နော်"

သူပြောတော့ သူမက ဖက်ငိုနေရာက မျက်နာလေးမော့ကြည့်လာတာကြောင့် သူကြည့်လိုက်တော့ ပါးနှစ်ဖက်မှာ ရဲနေတာကြည့်လို့တောင်မကောင်း။သူ ဖက်ထားရာက ခွာလိုက်ပြီး ပါးလေးကို ကိုင်တော့ သူမမျက်နာလေးမဲ့သွားတာကြောင့်....

The Sun Of Flower (S2 + S3)Where stories live. Discover now