part~47

2.5K 76 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~47

"ကံကြမ္မာက ဘာဖြစ်စေချင်နေတာလဲ"

လို့သူစိတ်ထဲကနေမေးနေမိသည်။သူ့ဘဝမှ အနာကျင်ဆုံးအချိန်တွေဖြစ်တဲ့ မနဲ့ ဝေးခဲ့ရတဲ့အချိန်တွေမှာ မိဘမျက်နာတောက်ပြန်မမြင်နိုင်လောက်အောင် အသက်ရှင်ချင်တဲ့စိတ်ကုန်သွားတဲ့အထိဖြစ်ခဲ့ရသည်။သူအဲလိုအချိန်တွေထက်ရောက်မှာ သေလောက်အောင်ကြောက်သည်။ဒီနှစ်တွေမှာ သူ့ဘဝရဲ့အပျော်ရွှင်ဆုံးအချိန်တွေကိုဖြတ်သန်းခဲ့ရတာ။

အခုမှ သူ့မတွေချင်တဲ့ မျက်နာတွေတစ်ယောက်ပြီး တစ်ယောက် သူတို့ဘဝထဲပြန်ပေါ်လာရတာလဲ။ဟိုတစ်လောက ရှိုင်းထက်မြတ်။ရှိုင်းထက်မြတ်နဲ့ ကိစ္စကလည်း အကြီးကြီးရှင်းစရာရှိသေးသည်။အဲ့ပြဿနာတောင်အရှင်းရသေးဘူး အခုလူယုတ်မာသားအမိကိုထက်တွေ့လိုက်ရတာကြောင့်သူ့စိတ်တွေသူမထိန်းလိုက်နိုင်။

ကံကြမ္မာ ခင်များတစ်ခါ ကျူပ်ကိုကစားခဲ့ပြီးပြီ ဒီတစ်ခါ ကျူပ်ပြန်ကစားမယ်.....။

"CEO "

သူအတွေးလွန်နေရာမှ သူ့လူယုံရဲ့ ခေါ်သံကြားမှ သူ့Hotel နားနေခန်းက ကုတင်ပေါ်ထိုင်နေရင်း သတိဝင်လာသည်။သူအိမ်ကဒေါသထွက်လာပင်မဲ့ အခုကိစ္စက ဒေါသထွက်တာထက်အရေးကြီးတဲ့ ကိစ္စမို့ ဒေါသကိုဘေးဖယ်ထားရသည်။

"ရောက်လာပြီးလား ဟို Group မှာအဆင်ပြေရဲ့လား"

"ပြေပါတယ် CEO သူတို့ရဲ့ အလုပ်တွေတော်တော်များကို သူကိုယ်တိုင်မသွားတော့ပဲ ကျွန်တော်ကိုပဲ လွှတ်တာတွေအထိပြေပါတယ်"

နေ သူ့လူယုံပြောတာကို ခေါင်းငြိမ့်ပြီး ကုတင်ခြေရင်းမှ ခြေချိတ်ထိုင်နေရာကနေ ထရပ်ပြီး...

"မင်းငါ့ကို ဘာပေးမလို့လည်း"

သူပြောတော့ သူလူယုံကအင်္ကျီအိတ်ကပ်ထဲက USB ကို ထုတ်ကာ သူ့လက်ထဲကို ထည့်ပေးလိုက်ကာ စကားကိုဆက်လိုက်သည်။

"ဒီအထဲမှာ ရှိုင်း Group ရဲ့ပက်သက်နဲ့ နောက်အပတ်ကစပြီး လုပ်မဲ့လုပ်ငန်း project အပါအဝင် သူတို့ ရှယ်ယာဝင်ဖို့လုပ်နေတဲ့ နိုင်ငံခြားပါတနာတွေပါပါတယ် CEO အဲ့ထဲမှာ Date တွေပါထည့်ရေးပေးထားတယ်"

The Sun Of Flower (S2 + S3)Where stories live. Discover now