part~16

2.8K 106 8
                                    

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_16~~~~

အဖြူရောင်ဂါဝန်ကို ရင်ဘက်ကဇာလေးတွေနဲ့ ကိုယ်ကျပ်ဂါဝန်လေးဝတ်ကာ မှန်တင်ခုံရှေ့မှာ ဆံပင်ကို စည်းရမလား ထုံးရမလားဗျာများနေတုန်း အနောက်ကနေခါးကို ဖက်လိုက်ပြီး ပါးကိုနမ်းလိုက်ခံလိုက်ရတာကြောင့်...

"မောင် "

"မောင့် မဟေသီလေးကလှလိုက်တာကွာ dinner မှာမျက်စိဒေါက်ထောက်ကြည့်ရတော့မယ်ထင်တယ် "

"မောင်ကလည်းအပိုပြောပြန်ပြီး သားလိုအရွယ်မိန်းမလှလေးတွေအများကြီးလာမဲ့ ကိစ္စ သဘာဝကို ဘယ်သူကငေးမှာလည်း အခုဆံပင်ကို ထုံးသွားရမလား စည်းသွားရမလား ဟင်"

သူမကို သူ့ဘက်လှည့်ကာ တစ်ကိုယ်လုံးကိုကြည့်ပြီးတော့....

"စည်းလည်းမစည်းနဲ့ ထုံးလည်းမထုံးနဲ့ မျက်နာအရမ်းပေါ်သွားလိမ့်မယ် ဆံပင်လေးကိုချသွား တက်နိုင်ရင် မျက်နာကွယ်အောင်ကို အရှေ့ကိုချခိုင်းချင်တာ"

သူမကို သရဲမဖြစ်စေချင်နေလားမသိ ဖြစ်နိုင်ရင် အရှေ့ချထားစေချင်တာတဲ့ သူကြလန်းနေပြီးတော့ တော်တော်တရားဖို့ ကောင်းလိုက်တာ။

"မောင် ဒါဆိုဒီအတိုင်းလေးချသွားလိုက်မယ် ဒါနဲ့ နားကပ်နဲ့ ဂါဝန်ကအဆင်ပြေတယ်မဟုတ်လား"

စိန်တစ်ပွင့်ထဲနားကပ်လေးကို ပန်ထားပြီး ဂါဝန်အဖြူလေးနဲ့ ရိုးရိုးလေးလှနေတဲ့ သူမကို dinner ခေါ်သွားရမှာကိုပင် အူတိုလာရသည်။

"ပြေပါတယ် လှလွန်းလို့ ဒီမောင့်အသဲတွေတစ်စစီကြွေကုန်ပြီဗျာ ခင်များလေးတာဝန်ယူရမယ်"

"ဟင် !! ဘယ်လိုတာဝန်ယူရမှာလည်း "

လို့မေးနေတဲ့သူမကို ခါးလေးကနေဆွဲကပ်လိုက်တော့ မျက်နာလေးမော့ကာ ခန္တာကိုယ်က သူရင်ဘက်နဲ့ကပ်နေသည်။သူမော့နေတဲ့ မမျက်နာလေးနာ ငုံလိုက်ပြီး သူမနှုတ်ခမ်းလေး နဲ့ သူနှုတ်ခမ်းကို ဖိကပ်လိုက်သည်။

"အွန့်"

သူမလည်း ချစ်ရတဲ့သူရဲ့ နူးညံတဲ့အနမ်းကို မရုန်းပဲ သူကျောပြင်ကြီးကို ပြန်ဖက်ထားကာ အနမ်းတွေကိုတုန့်ပြန်လိုက်သည်။

The Sun Of Flower (S2 + S3)Tahanan ng mga kuwento. Tumuklas ngayon