part~13

3K 118 9
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_13~~~~

"ဆရာမကို ချစ်လို့"

မေလက်ရာ over 30မှာ ရည်းစားစကားအပြောခံရတာကြောင့် ဘာပြောလို့ပြောရမှန်းမသိ။ရည်းစားစကားပြောတဲ့သူကလည်း တူတော်မောင်ထက်ကြီးလည်း 7နှစ်ပေါ့။

"သား နဲ့ ဆရာမက"

"ဘာ သားနဲ့ဆရာမလည်း မောင် နဲ့ မမဖြစ်ရမှာလေ"

အပျိူကြီး တစ်ယောက်တော့ ရှောင်စရာစကားတွေရှာကြံတွေးတော့လည်း ဒီအချိန်မှာစိတ်လှုပ်ရှားနေတာကြောင့် ပါးစပ်ထဲရှိရာသာလျှောက်ပြောနေလိုက်သည်။

"အတန်းချိန်နီးနေပြီ သွားခွင့်ပြုပါဦး"

"မရဘူး စဥ်းစားပေးမှာလားပြောပါ မစဥ်းစားပေးရင် ကန်တော်ကြီးထဲခုန်ချသေမှာ"

"ဟင် ! မ မလုပ်နဲ့နော် ပေါက်ပေါက်ရှာရှာ"

သူမရှေ့က ကောင်လေးက သူမလိုပဲ တက္ကသိုလ်ဆရာ။သူမတို့ကျောင်းရဲ့ အသက်အငယ်ဆုံး လို့တောင်ပြောလို့ရသည်။ပုဆိုးအကွက်စိတ်လေးနဲ့ အင်္ကျီအဖြူလည်ကတုံးလေးနဲ့ ကြည့်ကောင်းသောလည်း သူမကရင်ခုန်ရမဲ့ အရွယ်မဟုတ်။

"ကျွန်တော်ကို ရွေးချယ်ပေးပါ ဘာလိုဆို မမကြိုက်တာက ကျွန်တော် အကြိုက်မို့"

"ဘယ်လို!"

"ဟုတ်တယ် ကျွန်တော်ဒီတက္ကသိုလ်မှာ တာဝန်ကျအောင်လုပ်ယူထားတာ မမကို First years ကတည်းကတွေ့တာ မမလုပ်တာမှန်သမျှအကုန်လိုက်လုပ်တာ အခုတက္ကသိုလ်ဆရာ ဆိုတာမောင့်ဝါသနာမဟုတ်ဘူး မမ ရှိလိုကိုလုပ်တာ မြန်မာစာမေဂျာအတူတူပဲလေနော်"

သူမ ကောင်လေးပြောသမျှကို ဘာမှမပြောနိုင်ပဲ ကြည့်နေမိသည်။သူမကို First year ထဲကတွေ့ပြီး ကြိုက်နေခဲ့တာတဲ့။သူမကို ချစ်ကြောင်းပြောဖို့အတွက် သူမလို တက္ကသိုလ်ဆရာလုပ်ခဲ့တာတဲ့။

"ပြီးတော့ ကျွန်တော် ငါးသလောက်မကြိုက်ဘူး ညှိလို့ဒါပင်မဲ့ မမကြိုက်လို့ ငါးသလောက်ဟင်းကို တစ်ပတ်က 3ရက်လောက်စားဖြစ်တယ် အခုတော့ကြိုက်သွားပြီ မောင့်နာမည်က မိုးတိမ်ရောင် ပါ"

The Sun Of Flower (S2 + S3)Where stories live. Discover now