part~49

3.1K 93 2
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~49~~~

မောင်မိုးတိမ်ရောင်
                         &
                                  မမေလက်ရာ

တို့၏ စေ့စပ်ပွဲအခန်းအနားဆိုသည့်စာတန်းက နေလက်ရာ Hotel ခန်းမဆောင်ထဲမှာ သေသပ်လှပစွာ ထွင်းထားပြီး သတို့သားလောင်း နဲ့ သတို့သမီးလောင်းတို့ကလည်း နှစ်ဖက်မိဘအသိုင်းအဝိုင်းနဲ့အတူ အပြုံးတို့တွဲခိုလျက်။ဒါပင်မဲ့ ဧည့်ခန်းပွဲကစနေတာ ပြီးဖို့အချိန်ကတစ်နာရီလောက်ပဲလိုတော့တာကို မရောက်မလာသေးတဲ့သူက နေ။

ဦးနေမင်း လာတဲ့ဧည့်သည်တွေကို လက်ရာနဲ့အတူတူမိတ်ဆက်ရင်း အခုအချိန်ထိခန်းမထဲက ရောက်မလာသေးတဲ့ သားဖြစ်သူကြောင့်မျက်နာကပျက်ချင်နေပြီဖြစ်သည်။

"လက်ရာ မင်းသားကအခုအထိမလာသေးဘူးက ပွဲကပြီးတော့မယ်"

ဒေါ်လက်ရာလည်း ကိုက သူမအနားကပ်ပြောမှ သားဖြစ်သူမလာသေးတာ သတိထားမိပြီး ချွေးမဖြစ်သူနဲ့ မြေးထိုင်နေတဲ့ဝိုင်းကို လှမ်းကြည့်လိုက်တော့ မြေးရော ချွေးမရောကခေါင်းရမ်းပြသည်။သူမတို့ထက်အရင် အရေးကြီးကိစ္စရှိတယ်ဆိုပြီး အရင်ထွက်သွားကာ အချိန်မှီလာခဲ့မယ်ဆိုတဲ့သူအခုထိရောက်မလာသေး။

"ဖုန်းဆက်ကြည့်လိုက်ရမလား ကို"

"ဖုန်းဆက်မယ် ဟုတ်လား လက်ရာ ဘယ်လောက်ရိုင်းစိုင်းတဲ့ မင်းသားအပြုအမူလဲ တစ်ဖက်ကသမီးတော်ရမဲ့ ယောက္ခမတွေကို ဘယ်လိုပြောမလဲ"

ဦးနေမင်းရော ဒေါ်လက်ရာပါ သားဖြစ်သူကို ဒေါသထွက်နေခိုက် ခန်းမထဲဝင်လာတဲ့ နေကိုတွေ့သွားသည်။Shirt အဖြူလက်ရှည် နဲ့ Style ဘောင်းဘီအနက်ကိုပဲ ဝတ်ပြီး ဝင်လာတဲ့သားဖြစ်သူကြောင့် ဒေါသကထက်ထွက်ချင်နေသည့်စိတ်ကို ဦးနေမင်းမနည်းထိန်းနေရသည်။

နေခန်းမဆောင်ထဲ ဝင်လာတဲ့အချိန်ကတော်တော်နောက်ကျနေမှန်းသူသိသည်။သူအစကမလာတော့လို့လုပ်ပင်မဲ့ ညီမလေးကသူ့ကိုမတွေ့ရင်စိတ်မကောင်းဖြစ်မှာမို့ မှီသလောက်နဲ့ဝင်လာလိုက်သည်။သူဝင်လာတယ်ဆို သူ့မိတ်ဆွေတွေကို မဖိတ်ထားပင်မဲ့ မိုးတိမ်ရောင်တို့ဘက်က ဖိတ်ထားတဲ့ဧည့်သည်တော်တော်များကသူ့ကို တွေ့တယ်ဆို အတင်းခေါ် အတင်းမိတ်ဆက်ကြသည်။

The Sun Of Flower (S2 + S3)Where stories live. Discover now