part~38

2.6K 93 1
                                    

🔰The Sun Of Flower {Season 2}🔰

☀️နေနှစ်စင်းရဲ့ ချစ်ပုံပြင်☀️

Part_38~~~~🦋

တီ  တီ

ခြံရှေ့က ကားဟွန်းတီးသံကြားတာမို့ ခြံစောင့်လေးက တံခါးဖွင့်ပေးတော့ နေတစင်းမောင်းဝင်လာလိုက်သည်။ဆေးရုံကနေဒီနေ့မှဆင်းတယ် မေမေကခွင့်ပြုလိုက်တယ်ဆို အိမ်ကခိုးထွက်လာပြီး ချစ်တဲ့သူကိုလာတွေ့ခြင်း။သူ သူမတို့အိမ်ပေါ်တီအောက်ကားကို ရပ်လိုက်တော့ အိမ်ထဲကနေအလုပ်ကပြန်ရောက်တာမကြာသေးတဲ့ ပုံနဲ့ထွက်လာတဲ့ Light။

"ဟင်"

လက်မောင်းကပတ်တီးတောင်မဖြည်ရသေးပဲကားမောင်းလာတဲ့သူကို အံ့သြတကြီးသူမကြည့်နေမိသည်။နှစ်ယောက်သားလမ်းခွဲထားကြတာမဟုတ်လား။

"Light ကိုယ်တောင်းပန်ပါတယ် ကိုယ်သတ္တိမရှိတဲ့ကောင်ပါ ကိုယ့်မိသားစုကမင်းကိုပြောနေတာကို မကာကွယ်နိုင်တဲ့ကောင်ပါ"

"ဟင်အင်း အကြောင်းရှိလို့ဒီလိုဖြစ်လာတာပါပဲ Light စိတ်မဆိုးတာမို့ ပါးတောင်းပန်စရာမလိုပါဘူး ပါးအခုအိမ်ကခိုးထွက်လာတာလား အန္တရာယ်ရှိလိုက်တာ"

သူကိုစိတ်မဆိုးတဲ့အပြင် သူလာတဲ့ပုံစံကိုကြည့်ကာ စိုးရိပ်ပေးနေတဲ့သူမ။ဒီလိုပုံစံကိုတစ်ခြားသူမြင်ရင်ယုံပါ့မလား။

"ကိုယ် နဲ့ Light ကို မေမေတို့ခွင့်ပြုလိုက်ပြီ"

"တကယ်"

ဝမ်းသာသွားတယ်မျက်နာလေးက ကြည်လင်နေပြီး သူနှလုံးခုန်သံကို​ဆူညံသွားစေဖို့လုံလောက်ပါသည်။သူတစ်ဖက်လက်က​လှုပ်လို့မရသေးတာမို့ ကောင်းတဲ့လက်တစ်ဖက်နဲ့ သူမပုခုံးလေးကို ကိုင်ကာ....

"တကယ်ပါ ကိုယ်ကိုဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါ Light နောက်ကြရင် ဘာကိစ္စပဲဖြစ်ဖြစ် Lightကို လက်လွှတ်ဖို့ဘယ်တော့မှမရွေးတော့ဘူး ကတိပေးတယ် "

"ပါးကိုယုံတယ် အရမ်းချစ်တာမို့ ပါးရင်ထဲဘယ်လိုခံစားနေရတာသိလို့ စိတ်မဆိုးဘူး တကယ်တော့ လူတွေနီးခြင်းဝေးခြင်းထက် တစ်ယောက်ကို တစ်ယောက်ချစ်တာ ခံစားရရင် အဲ့လူကကိုယ်အနားရှိနေသလိုပဲ ပါး"

The Sun Of Flower (S2 + S3)Where stories live. Discover now