part~36

2.9K 106 4
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_36~~~~🦋

"Light ကိုယ်တို့လမ်းခွဲကြရအောင်"

သူရင်ထဲနာကျင်နေတာမှ ယောကျာ်းတန်မဲ့အံကြိတ်ထားရသည့်သူ့အဖြစ်။ဒါလား သူမကိုပျော်အောင်ထားမယ်ဆိုတာ ဆိုးရွားလှတဲ့သူမဘဝကို အဆိုးဆုံးကို တွန်းချလိုက်တဲ့ကောင်။

သူအဲလိုပြောတော့ သူမကနားလည်စွာ သူကိုပြုံးပြပြီး ခေါင်းငြိမ့်ပြသည်။သူမက သူ့ကိုနားလည်သည့် သဘောနဲ့ကြည့်တဲ့သူမအကြည့်က သူ့ကိုရူးသွားစေလောက်အောင်ကိုစူးရှပါသည်။

"အင်း ဘာပဲဖြစ်ဖြစ် ပါး နဲ့ Light ကတစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ပဲလိုတာပါ နီးတာတွေဝေးတာတွေကအကြောင်းမဟုတ်ပါဘူး ပါးကို Light နားလည်ပါတယ်"

"မပူနဲ့ Light ကိုယ်မင်းကလွဲကျန်တဲ့ မိန်းမကို ချစ်နိုင်တော့မှမဟုတ်ဘူး ကိုယ်ရဲ့ ခန္တာကိုယ်မင်းနဲ့ ဝေးနေပင်မဲ့ စိတ်ကမင်းဆီပဲရှိတာယုံပေးနော်"

တစ်ယောက်လက်တစ်ယောက်ကိုင်ကာပြောပြီး သူမဘက်ကပဲ သူလက်ကိုဖယ်ချလိုက်သည်။

"ဒီနေ့ကစပြီး နှလုံးသားချင်းကချစ်သူဖြစ်ပြီး လူတွေက သူစိမ်းတွေဖြစ်သွားပြီ ဒါကြောင့် လမ်းမှာတွေ့ခဲ့ရင်တောင် မသိချင်ယောင်ဆောင်ကြမယ် နေတစင်း"

လို့ပြောကာ ထွက်သွားတဲ့ Light ကိုသူလှည့်မကြည့်တော့။သူ သူမကိုချစ်ခဲ့တာ နည်းနည်းလေးမှမဟုတ်ခဲ့ပဲ။သူမထွက်သွားတယ်ဆို အံကြိတ်ထားရလွန်းလို့ ပါးစပ်ဟလိုက်တယ်ဆို သွေးတွေကျလာသည်။

"သား သွေး...."

မေမေ သူ့အနားလာပြီး သွေးသုတ်ပေးဖို့ပြင်နေတာကို လက်ကာလိုက်ကာ သူလက်ခုံနဲ့ သုတ်လိုက်ပြီး ဝတ်ထားတဲ့လူနာအင်္ကျီကို လက်တစ်ဖက်ထဲထဲ ဆွဲဖြဲကာ ဘယ်ဘက်ရင်အုံက နှလုံးသားတည့်တည့်အပေါ်ကို သုတ်လိုက်သည်။

"ဒီလောက်ဆို ကျေနပ်လောက်ရောပေါ့ ပြီးတော့ ကျွန်တော်ဒီလကုန်တာနဲ့ US ပြန်တော့မယ် အဲ့မှာပဲနေတော့မယ် အဲတာဆို ပိုကျေနပ်ကြမှာပါ ဒီတော့ ကျွန်တော်တစ်ယောက်ထဲနေချင်တယ် အကုန်လုံးထွက်သွားကြပါ!"

The Sun Of Flower (S2 + S3)Where stories live. Discover now