Extra {1}

4.1K 112 2
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Extra~1

"ဟာ ဖေဖေ သမီးလေးကချစ်စရာလေးကွာ သူ့အမေအတိုင်းပဲ"

အခု မေမေတို့ရှိတဲ့စက်ကိုင်းကို သွားမှာမို့ သမီးကို အင်္ကျီနို့စိမ်းရောင်အပွလေးနဲ့  ဘောင်ဘီအရှည်အကျပ်အနက်လေးကို ဝတ်ပေးထားပြီး သူမလည်း အဖြူရောင်ဝမ်းဆက်ကို ဝတ်ရင်း မုန်တင်ခုံရှေဆံထုံးထုံးနေခိုက် သမီးကိုပြောသလိုလို နဲ့ သူမကိုပါပြောနေတဲ့ မောင့်ကြောင့်ပြုံးမိသည်။

"ဖေဖေ "

"ပြောလေ သမီးဘာပြောမလို့လဲ"

"မေမေ နဲ့ လီလီ ဘယ်သူကပိုလှလည်း"

"မေမေကပိုလှတာပေါ့"

ကြည့်ဦး ကလေးကိုစိတ်ချမ်းသာအောင် ညာမဖြေတဲ့သူကို မျက်တင်ခုံရှေ့ထိုင်နေရာကာထပြီး မျက်စောင်းထိုးလိုက်တော့ ....

"ဖေဖေက မေမေကိုပိုချစ်တာ လီလီကိုကြမချစ်ဘူး"

"အင်း"

သူမေးနေတာတွေတာဖြေနေတာ စိတ်ရောမျက်လုံးကပါ အဖြူရောင်ဝမ်းဆက်လေးနဲ့ လှရက်နိုင်လွန်းတဲ့ အမျိူးသမီးလေးဆီသာရောက်နေသည်။လှလိုက်တာ ဘယ်အချိန်ကြည့်ကြည့် သူ့အတွက်မရိုးနိုင်တဲ့အလှမျိူး။

မောင်သူကိုကြည့်နေတာသိပင်မဲ့ မောင်ကသူ့ချီထားတဲ့သမီးလေးက ငိုမဲ့မဲ့ဖြစ်နေတာကိုသိပုံမပေါ်။ကလေးရှေ့တောင် မရှောင်သူမကိုကြည့်နေတာများဘယ်တုန်းကမှမတွေ့ဘူးတဲ့ သူတွေကျလို့။

"မောင် ! သမီးငိုတော့မယ်"

"ဟင် !! သမီးဘာဖြစ်လို့လည်း ဖေဖေကိုပြော"

"ဟင့် ဗြဲ ဟီး ဖေဖေက မေမေကိုလီလီထက်ပိုချစ်တာကို ဟီး ဖေဖေက လီလီကို ပိုချစ်ရမှာမဟုတ်ဘူးလား ဟီးဟင့်...လီလီက ဖေဖေသမီးလေး ဗြဲ "

နေ လူလည်သမီးစကားကြောင့်မဖြူသေးတဲ့ဆံပင်တောင် ချက်ခြင်းဖြူချင်သွားရသည်။သမီးက အရာအားလုံးထက် သူက ပိုချစ်တာကိုလိုချင်တာ။သမီးကလည်း ကျန်တဲ့သူတင်မက အမေဖြစ်သူထက်ကိုပင် သူကိုပိုကပ်ရှာတာ။

The Sun Of Flower (S2 + S3)Where stories live. Discover now