part~39

2.7K 85 1
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_39~~~~🦋

"မင်းဘာကြည့်နေတာလဲ သာထက်"

သူအိမ်ထဲဝင်လာတယ်ဆို ဧည့်ခန်းမှန်တံခါးကနေအထည့်ကိုကြည့်နေတော့ သူမေးလည်းမေး အနားသွားကာ အထဲကြည့်လိုက်တော့ မ  ခုံလေးကိုမှီပြီး အဝင်ပေါက်ရှိတဲ့ဘက်ကို လှည့်ထားတာကြောင့် မျက်နာလေးကထင်းနေသည်။သူဒေါသကထောင်းကနဲ့ ထွက်လာကာ.....

"မင်းကိုငါမေးနေတယ်လေ မင်းကိုငါကြည့်နေတာကြာပြီ !! မင်းငါမိန်းမကိုဘာလို့ကြည့်နေတာလည်း !!!"

ပါးစပ်ကလည်းပြော လက်ကလည်း အင်္ကျီကိုဆောင့်ဆွဲပြီးသား။နေတစင်းလည်း ဖေဖေကာ အိမ်ကထွက်သွားတုန်းက ကိုယ့်ဘာသာကားမောင်းသွားတာဆိုပြီး ပြန်တော့ဖေဖေကားနဲ့လိုက်လာပင်မဲ့ဆင်းတော့ ကိုယ်ဘာသာဆင်းဆိုကာ ယုတ်မာထားခဲ့တာကြောင့် မနည်းနာနေတဲ့လက်နဲ့တွန်းဖွင့်ထွက်ရသည်။အခု အိမ်ထဲဝင်လာတယ်ဆို ဖေဖေက ကိုသာထက်ကို အင်္ကျီစကနေဆောင့်ဆွဲထားတာမို့...

"ဖေဖေ ဘာဖြစ်နေတာလည်း"

"မင်းငါ့ကိုပြော ဒေါသထွက်နေပြီနော် !! င်းငါ့မိန်းမကို ဘာလို့ကြည့်နေတာလည်း ကဲကွာ"

နေကစိတ်မြန်လက်မြန်မို့ စကားအဆုံး သာထက်မျက်နာကို ဆွဲထိုးချလိုက်သည်။နဂိုကတည်းကသူ့မိန်းမနဲ့ပက်သက်ရင် ဘယ်သူ့ကိုမှသည်းခံတက်တဲ့ မဟုတ်တဲ့နေ။သူထိုးလိုက်လို့လဲကျသွားတဲ့ သာထက်ကို မကျေနပ်သေးပဲ ဆွဲဆောင့်ပြီးထူကာ ထက်ထိုးပြန်သည်။

ခွပ်

"ဟမ် ငါ့ကိုဘာကောင်မှတ်နေလည်း လူကဒီရက်ထဲစိတ်ကသိပ်ကြည်တာမဟုတ်ဘူး !!!"

ဖေဖေ ဒေါသထွက်နေတာသူဝင်တားရအောင်လည်း လက်တစ်ဖက်က ဝင်တားတာနဲ့ ပြန်ဆေးရုံတက်ရမှာ။ဆွဲဆောင့်ထုတ်လိုက်ရင်လည်း သူ့ကအဖေ ကိုယ်ကသား မလွယ်ဘူးဒီအတိုင်းစိတ်ပြေတဲ့အထိကြည့်နေရမှာပဲ။

ခလွမ်

"ဟာ ဖေဖေ !"

ဖေဖေက ဒေါသနဲ့ ဘာမှမမြင်နိုင်စွာ သူကိုယ်တိုင်ပြင်သစ်ကဝယ်လာတဲ့ အလှပန်းအိုးကို ရိုက်ခွဲပြီး ပန်းအိုးကွဲနဲ့  ကိုသာထက်ကို ထိုးဖို့လုပ်နေတာကြောင့် သူကောင်းတဲ့လက်တစ်ဖက်နဲ့ဝင်ဆွဲရတော့သည်။

The Sun Of Flower (S2 + S3)Waar verhalen tot leven komen. Ontdek het nu