part~8

3.4K 110 7
                                    

The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_8

သူမ NayLatYar Hotel ခွဲ တည်ဆောက်မဲ့ မြေကွက်ရှေ့ကားကိုထိုးရပ်လိုက်ပြီး ကားပေါ်ကဆင်းကာလော့ချလိုက်သည်။သူမကားနဲ့ ဆင်တူ ကားတစ်စီးကလည်း သူမကားဘေးမှာရပ်ထားတာတွေ့လိုက်သည်။သူမကားပေါ်ကဆင်းလာတာ မြင်တဲ့ company က ဝန်ထမ်းက သူမဆီပြေးလာပြီး.....

"မမလေး ရောက်ပြီလားဗျ NayLatYar ဘက်က တာဝန်ရှိသူကရောက်နေပါပြီ မမလေး"

"အင်း သူအခု နားတဲ့နေရာမှာလား"

"အခုတော့ တည်ဆောင်မဲ့ ပုံစံနဲ့ မြေအနေအထားကို လိုက်စစ်နေပါတယ်"

"အင်း ဒါဆို company က ဝန်ထမ်းတွေအကုန်စုံနေပြီ မဟုတ်လား"

"ဟုတ်ကဲ့ အကုန်ရောက်နေပါပြီ"

"ဒါဆို သွားကြရအောင် အကုန်လုံးကိုမှာထားပေးပါ ဒီ Project ကအမှားရှိလို့မရဘူးနော်"

"ဟုတ်ကဲ့"

သူမအရှေ့ကထွက်သွားတဲ့ အလုပ်သမားလေးနောက်ကနေ Hotel တည်ဆောက်ရေးထဲဝင်လိုက်လာလိုက်သည်။သူမ ဆိုဒ်ထဲဝင်လာတယ်ဆို Shirt လက်ရှည်မိုးပြာရောင်နဲ့ ျဘာင်းဘီဒူးအတီ အဖြူရောင်ကိုတွဲဝတ်ထားတဲ့လူက အလုပ်သမားတွေကို ဘာတွေညွှန်းကြားနေလည်းမသိ လက်ညှိုးကြီးတစ်ထိုးထိုးနဲ့။

"ဟိုဘက်ထောင့်က မြေကပွနေတယ်သိပ်အဆင်မပြေဘူး အဲနာကို မြေဖို့လိုက် ရေလောင်းလိုက် လုပ်ပြီ အပေါ်ကနေထုထုပေးရင်ကောင်းမယ်"

သူညွှန်ကြားနေတာကို အလုပ်သမားလေးတွေက.

"ဟုတ်ကဲ့ သူဌေးလေး"

"ပစ္စည်းဝယ်ထားတာ မလောက်တာရှိရင် ကျွန်တော်ကိုလာပြောပါ ခိုတာတွေဘာတွေမလိုချင်ဘူး ကုန်ကျစရိတ်ရှင်းပေးမယ်"

"ဟုတ်ကဲ့ သူဌေးလေး"

"အင်း လုပ်စရာရှိတာသွားလုပ်တော့နော် "

သူအလုပ်သမားတွေကို ပြောစရာရှိတာပြောပြီးတယ်ဆို အနောက်လှည့်လိုက်တော့ တလွဲစိန်ကိုတွေ့တာကြောင့်...

"လာပြီလား"

"မြင်ရဲ့သားနဲ့ မေးတာ မျက်စိမပါဘူးလား"

The Sun Of Flower (S2 + S3)Where stories live. Discover now