part~21

2.9K 127 5
                                    

{Uni}

🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_21~~~~💜

"ညီ ခဏ"

မောင်မှာထားတာတွေလာချသွားတဲ့ ကောင်လေးကို ပြန်လှမ်းခေါ်တာကြောင့် ဘာလုပ်မလို့လည်းမေးတော့မဖြေ။ထိုကောင်လေးသူမတို့ဝိုင်းအနားရောက်မှ ငရုပ်သီးစိမ်းထောင်းထည့်ထားတဲ့ဆော့စ်ကို ယူပြီး.....

"ညီဒါပြန်ယူသွား ကိုယ့်မိန်းမကနေမကောင်းနေလို့"

"အော် ဟုတ်ကဲ့အစ်ကို"

"မောင် သဘာဝစားချင်တယ်လေ"

သူမကသူပေးတာကို လက်ကိုလှမ်းဆွဲနေတာကြောင့်...

"ညီလေးယူသွားတော့"

"ဟုတ်ကဲ့"

လို့ပြောကာ မောင်ဆီက ဆောစ့်ပန်းကန်ယူကာထွက်သွားသည်။

"မောင်ကလည်း စားချင်ပါတယ်ဆို"

"အဲ့တာကြီးကအရမ်းစပ်မှာ မကအခုနေမကောင်းနေတာကွာ အခုဒီမှာလည်း ဆော့စ်အချိူတွေရှိနေပဲလေနော် မောင့်မိန်းမကလိမ္မာပါတယ်"

သူမကမောင်ပြောတာမှန်နေတာကြောင့် ဘာမှမပြောတော့ပဲ ပန်းကန်ထဲက အသားလုံးတွေကို တူနဲ့ထိုးယူကာ ဆောစ့်အချိူနဲ့တို့စားလိုက်သည်။

သူပြောတာကိုနားထောင်ပြီး ပန်းကန်းထဲကအသားလုံးတွေ တူနဲ့ထိုးယူပြီး ဆော့စ့်အချိူနဲ့တို့စားနေတဲ့ သူ့မိန်းမလေးကိုကြည့်ကာ ပြုံးမိသည်။

"မောင် ငါဒါမကြိုက်ဘူး"

ဆိုကာ အသားလုံးအဖြူရောင်ကိုသူ့ပန်းကန်ထဲထည့်ပေးပြီး သူပန်းကန်ထဲက ကြက်သားဖက် ကြက်ဥတစ်လုံးလုံးပြန်ယူသွားသည်။သူကတော့ အခုအချိန်ထိကလေးဆန်နေတဲ့ သူမကို ချစ်လို့ကိုမဝတော့။

ကြေးအိုးစားပြီးတော့....

"မောင် ချဥ်ရည်{ဆော့စ်}ထုတ်ဖောက်ပေး"

သူမကြက်ကျော်စားမှာမို့ ReadyMade ချဥ်ရည်ထုတ်ကိုလေးကို ဖောက်ခိုင်းတာ​ကြောင့်ဖောက်ပေးလိုက်ပြီး ဆိုင်ကအသင့်ချပေးထားတဲ့ ပန်းကန်းလေးထဲကိုထည့်ကာသူမရှေ့ချပေးလိုက်တော့ ကြက်ကျော်ကိုဆောစ့်နဲ့တို့စားနေသည်။သူနဲ့ လက်ထက်ပြီးကတည်းက မကတော်ယုံဆိုအပြင်မထွက်တော့သလို အပြင်ထွက်ရင်လည်းသူပါမှသွားသည်။

The Sun Of Flower (S2 + S3)Where stories live. Discover now