part~9

3.1K 108 9
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_9

"မောင် !! ထတော့ဆိုနေ အစည်းအဝေးရှိတယ်ဆို "

သူမနိုးတာကို ကြားရဲ့သားနဲ့ တစ်ဖက်လှည့်ပြီးပြန်အိပ်နေတဲ့ မောင်ကို ကုတင်ပေါ်တက်ကာ အပေါ်ပိုင်းဗလာကျင်းနေတာကြောင့် Six pack တွေနဲ့မို့ အသားရှိတဲ့နေရာကိုရှာကာ ဆွဲလိမ်လိုက်သည်။

"အား နာတယ်လို့ အိပ်နေတာကို"

ညဘက်ဆို အလုပ်ကဆယ်နာရီဆိုပြီးပင်မဲ့ နာဘူးထနေတာနဲ့ ညဥ့်နက်မှ အိပ်ရပြီး မနက်အိပ်ရာထချိန်ကြတော့ မထနိုင်တော့။

"မောင် ကကောင်းကောင်းနိုးနေတာကိုမထဘူးလေ"

"ညဘက်ပင်ပန်းထားတယ်လေ မရာ မသနားဘူးလား မောင်ကို"

ဒီလောက် သူနာဘူးထထားတာကို သူကိုသနားရဦးမယ်တဲ့။တော်တော်မျက်နပိုးမသေတဲ့မောင်။အသက်တာကြီးလာတာ ဦးနောက်ကကြီးမလာဘူး။

သူနှုတ်ခမ်းလေးဆူနေတဲ့ မကိုစချင်နေတာကြောင့် တမင်အိပ်ရာကမထခြင်းဖြစ်သည်။သူဘယ်လောက် နောက်ကျမှ အိပ်အိပ် 7နာရီထက်ပိုမအိပ်တက်။မနဲ့ လက်ထပ်ပြီး နောက်ပိုင်းတော့ မိန်းမနားကပ်ချင်တာကြောင့် အမြဲ အိပ်ချင်ယောင်ဆောင်တက်လာသည်။သူချစ်ရတဲ့မက အသံတိတ်ပြီး ထိုင်နေတာကြောင့် သူလည်းအိပ်နေရာမှထထိုင်ကာ သနပ်ခါးလိမ်းထားတဲ့ ပါးပြင်နုနုလေးကို နမ်းလိုက်သည်။

"ရွှတ်"

"မောင်"

"အင်း"

သူမကိုအနောက်ကနေသိုင်းဖက်လိုက်ပြီး သူမပုခုံးပေါ်မေးတင်ကာထူးလိုက်သည်။

"ဟိုမိန်းကလေးနောက်ယှက်နေသေးလား"

"အင်း မနေ့ကတောင် မောင့်Hotel အရှေ့မှာလက်ကမ်းစာဆောင်တွေလာဝေနေသေးတယ်...မောင်မချစ်ရင် သေရပါလိမ့်မယ်တဲ့"

သူမကို အမှန်အတိုင်းသာပြောပြလိုက်သည်။သူမအထင်တစ်ချက်လွဲသွားရင်တောင်သေနိုင်တဲ့ကောင်မို့။သူအရာရာကို အမှန်တိုင်းရင်ဆိုင်တက်တာက သူ့ရဲ့ကောင်းတဲ့ အကျင့်တစ်ခု။

The Sun Of Flower (S2 + S3)Where stories live. Discover now