part~43

3K 109 3
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_43~~~~🦋

"Hello NayMinnLatYar!"

သူမလက်ကိုဆွဲက Hotel ကိုလာတဲ့ US အခြေစိုက်သူရှယ်ယာဝင်ထဲတဲ့ company ကလူတွေကသူ့ကိုခေါ်တယ်ဆို သူလည်း သူမလက်လေးကိုပိုတင်းအောင်ကိုင်ကာ ထို အမေရိကန်နိုင်ငံ jack တို့ဝိုင်းကို လျှောက်လိုက်သည်။နိုင်ငံခြားက လူတွေအတွက်လုပ်ပေးတာဆိုပင်မဲ့ တစ်ခြားစီးပွားရေးလုပ်ငန်းရှင်တွေပါတက်ရောက်ကြသည်။

"Hi Jack "

"How is your job?"
{ခင်များရဲ့အလုပ်အကိုင်တွေအဆင်ပြေလား}

နေ Jack ဆိုတဲ့လူမေးတာကို ပြုံးကာ...

"Yes,She is my lovely wife"

{အင်း,သူမက ကျွန်တော်ရဲ့ ချစ်ဇနီး}

နေက သူ့ကိုမေးရင်းနဲ့ သူမကိုကြည့်ပြီး ပြောနေတာမို့ ကိုင်ထားတဲ့လက်ကိုဖြုတ်ကာ သူမခါးကို တင်းနေအောင်ဖက်ရင်း သူမေးတာအပြင် သူမကသူ့ရဲ့ဇနီးဖြစ်ကြောင်းပါပြောလိုက်သည်။

"Wow she is so beautiful"

{ဝိုး သူမကလှတယ်}

"I appreciate it"

{ကျေးဇူးတင်ပါတယ်}

နေ သူမခါးကိုဖက်က Party ကိုလာသမျှ လုပ်ငန်းရှင်တွေနဲ့စကားပြောနေသည်။သူမကတော့သူသွားရာကို ဘေးကနေသူသွားတဲ့နေရာလိုက်နေရသည်။

သဘာဝ အကျင့်ယုတ်တဲ့မောင့်ကိုစိတ်တိုနေရသလို သူမြန်မာဆန်ဆန်ဝတ်ခိုင်းတဲ့အကြောင်းအရင်းလည်း သူမသိလာရသည်။သူမက party ကို ဂါဝန်ဝတ်မယ်ဆိုတာကိုမဝတ်ရဘူးဆိုကာ သူကြိုက်တဲ့ဝတ်စုံရွေးပြီး သူမကိုဝတ်ခိုင်းခြင်း။အခုကြည့်ဉီး party တစ်ခုလုံး ဂါဝန်တွေ ကိုယ်ကြပ်အင်္ကျီတွေနဲ့ သူမထက်အသက်ကြီးတဲ့သူတွေတောင်ဝတ်ထားတာ အခုတော့သူမတစ်ယောက်ထဲ မြန်မာဝတ်စုံနဲ့။သူမှာ နိုင်ငံခြားသားတစ်အုပ်စုနဲ့စကားပြောတိုင်း သူမကို သူ့ဇနီးဆိုတာကိုပြောနေလိုက်တာများ။

နေ ဧည့်သည်တွေနဲ့စကားပြောပြီးတော့ ဝိုင်းတစ်ခုမှာတစ်ယောက်ထဲထိုင်ပြီး မြိုနေတဲ့ အထက်တန်းစားကိုတွေ့တော့ သူမလက်ကိုဆွဲလျှောက်သွားကာ မပြောမဆိုနဲ့ အထက်တန်းစားဇာတ်ပိုးကိုပိတ်ရိုက်ထုတ်လိုက်သည်။သူရိုက်လိုက်တ်ာဆို ဝိုင်သောက်နေတဲ့ အထက်တန်းစား ခင်မျာ ပါးစပ်ထဲရောက်နေတဲ့ဝိုင်ပါပြန်ထွက်ကျမတက်။

The Sun Of Flower (S2 + S3)Hikayelerin yaşadığı yer. Şimdi keşfedin