part~50

3.4K 102 1
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~50~~~

နေ အိမ်ထဲဝင်လာလိုက်ပြီး ဧည့်ခန်းထဲစကားပြောသံတွေကြားတာမို့ ကြည့်လိုက်တော့ မှန်ထဲကနေမြင်နေရတာ မိုးတိမ်ရောင် နဲ့ မာမီ စကားပြောနေကြသည်။သူလည်း ယောက်ဖတော်နဲ့ တစ်ခါမှစကားကောင်းကောင်းမပြောရသေးတာကြောင့် သူဧည့်ခန်းဝင်တဲ့ မုန်တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။

"ဟော သားပြန်လာပြီလား ထိုင် မင်းညီနဲ့ စကားပြောလိုက်ဦး မေမေမင်းညီမဆီသွားလိုက်ဦးမယ်"

မေမေကသူ့ကို ထိုင်ခိုင်းက ထထွက်သွားတာမို့သူ မိုးတိမ်ရောင် နဲ့မျက်နာချင်ဆိုင်ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။မိုးတိမ်ရောင် နဲ့စကားမပြောခင် အိုက်တာမို့အပေါ်ကကုတ်ကို ချွတ်ကာ ဆိုဖာလက်တန်းပေါ်တင်ထားလိုက်သည်။

"ဘာဖြစ်လို့လဲ တပူးတတွဲတွဲမြင်နေရတဲ့နှစ်ယောက်က တစ်အိမ်ထဲတောင် နေရာကွဲနေရတာလဲ"

"အစ်ကို ညီမကျွန်တော်ကိုစိတ်ဆိုးသွားလို့"

ဒီကောင်လောက်အလိုလိုက်တာ ဒီကောင်ပဲရှိတာမို့ သူမျက်ခုံးပါပင့်တက်သွားရသည့်အထိပင်။ဒီအတွဲက ကိုယ့်ညီမက အကြီးဆိုပင်မဲ့အငယ်ဖြစ်တဲ့ ဒီကောင်ကဘယ်လောက်အလိုလိုက်အကြိုက်ဆောင်ထားလည်းဆိုတာ သူသိသည်။

မိုးတိမ်ရောင်လည်း ဖြစ်ပျက်သမျှကို ယောက်ဖဖြစ်သူကို ရှင်းပြလိုက်သည်။သူမိန်းမအပေါ်တန်ဖိုးထားလို့ပြောတာပါဆိုတဲ့အကြောင်းရှင်းပြသည်။

"နင်ဘာမှမပြောနဲ့ အဲ့တာငါ့အစ်ကို"

ဆိုကာ ဧည့်ခန်းထဲမာမီနဲ့အတူဝင်လာတဲ့ ညီမလေးက သူဘေးနားဝင်ထိုင်ကာ သူလက်မောင်းကိုကိုင်ပြီး သူပုခုံးကိုမှီထားသည်။

"ကဲ မေလက်ရာ! ညည်းကို သားကစေတနာနဲ့ပြောတာလေ နားမလည်ဘူးလား"

"လည်ဘူး ! ကိုကို ညီမလေးကိုအနိုင်ကျင့်နေတယ်"

ကြည့်စမ်း မအေ နဲ့ ယောကျာ်းကပဲ သူအစ်ကိုကိုကြောက်ရတဲ့အတိုင်းပြန်တိုင်နေတာများ မသိရင် သူမနဲ့ သမတ်တော်ကပဲလူဆိုးကြီးကြနေရော။

The Sun Of Flower (S2 + S3)Where stories live. Discover now