part~55

2.9K 74 0
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

part~55~~~

သဘာဝသူမလက်ကိုဆွဲလိုက်တဲ့သူကို လှည့်ကြည့်လိုက်တော့ သေချင်စိတ်ပါပေါက်သွားရလောက်အောင် မောင်ဖြစ်နေခဲ့သည်။မောင်မျက်နာက ဒေါသရောင်တွေက မျက်လုံးထဲမှာဝင်းဝင်းတောက်နေတာနဲ့ ကိုရှိုင်းထက်မြတ်တို့ကိုကြည့်နေတာ ကကြောက်ဖို့ကောင်းလှသည်။

"မောင်"

နေဒေါသဒီဂရီက အခုလောက်ဘဝတစ်လျှောက်လုံးတစ်ခါမှမထွက်ဘူး။သူအိမ်ကို ရှယ်ယာအတွက်လုပ်ဖို့ပြန်လာမိတာမှန်သွားတယ်ပြောရမည်။သူ သားဧည့်ခန်းထဲဝင်သွားကတည်းကရောက်နေခြင်း။သားဖြစ်သူရဲ့ ရှိုင်းထက်မြတ် နဲ့သူတို့ကိစ္စသိနေတာကိုလည်း သူကိုယ်တိုင်အံ့သြနေရသည်။

"ဘာလဲ ဒီကောင်ကိုထိုးလို့ ကျူပ်သားကို ပါးရိုက်မလို့လား တန်လို့လား!"

"မောင့်သားရိုင်းနေတာ ထည့်ပြော!!"

"ရိုင်းပါလေ့စေ ! နေတစင်းက တန်ရာတန်ရာဆက်ဆံနေတာ !! သား မင်းအခုအပေါ်တက်တော့ ဘာသံကြားကြားဆင်းမလားနဲ့"

နေတစင်း ဖေဖေက အပေါ်တက်ခိုင်းနေတာကြောင့် ဖေဖေမျက်နာကြည့်လိုက်တော့ အသားဖြူတဲ့လူမို့ ဒေါသတွေထိန်းချူပ်ထားပုံရတဲ့ဖေဖေမျက်နာထားကကြောက်ဖို့ကောင်းသည်။ဒါပင်မဲ့ ဒီကောင်တွေနဲ့ ဖေဖေကိုသူမထားခဲ့နိုင်တော့ ပေရပ်နေမိသည်။

"ရှိုင်းထက်မြတ် မင်းကဘာကိစ္စငါ့အိမ်လာတာလဲ ! သြော် မင်းအကြံတော်တော်ပိုင်တာပဲ"

နေက ဆိုဖာရှေ့ကစားပွဲပေါ်တင်ထားတဲ့ File ကိုတွေ့တော့ သဘောပေါက်ကာ ပြောလိုက်တော့ ရှိုင်းထက်မြတ်လည်း မက်တက်ထရပ်သည်။

"ငါ့မိသားစုက ငါ့ကိုသစ္စာဖောက်လောက်အောင် ဟွန်း ! ခင်များပြောင်းလဲနေရတဲ့အကြောင်းအရင်းက ခင်များရဲ့မတော်လိုက်ရတဲ့ကောင်....."

"မောင်!!! ဘာစကားတွေပြောနေတာလဲ သဘာဝတို့က မောင်နှမတွေ !"

"မောင်နှမတွေ ဟက်လား !! အခန်းတစ်ခန်းထဲအတူတူနေတဲ့ မောင်နှမတွေလား!!"

The Sun Of Flower (S2 + S3)Onde histórias criam vida. Descubra agora