part~20

3.3K 111 7
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_20~~~~💜

"ဟင်အင်း ကိုနော်"

ဒေါ်မေသန္တာ သူဟိုလူကြီးဆီကရတဲ့ ပိုက်ဆံတွေနဲ့ တိုက်ခန်းတစ်ခုဝယ်ကာ လင်ငယ်နဲ့ သာယာနေသည်။

"ချစ်တယ် သန္တာရယ်ဘယ်တော့များမှအတူနေရပါမလည်းကွာ "

ဒေါ်မေသန္တာလည်း နှစ်ယောက်လုံးကိုယ်ပေါ်မှာစောင်တစ်ထည်တဲ့ရှိပြီး အသားမဲမဲ နဲ့လူရဲ့ရင်ဘက်ပေါ် ခေါင်းမှီပြီး....

"အချိန်တန်ရင်နေရမှာပေါ့ အခုလည်း တစ်ပတ်ကို3ရက်တွေ့နေတာပဲဟာ "

ဒေါ်မေသန္တာ ဆွေးရိပ်ကမ္ဘာနဲ့လက်မထပ်ခင်ပတည်းက ဒီလူနဲ့အတူတူနေတာဖြစ်ပြီး သူငယ်ချင်းဖြစ်သူ မေလင်းရဲ့ ယောကျာ်း ဆွေးရိပ်ကမ္ဘာကိုမြင်ပြီးနောက် ချမ်းသာချင်စိတ်တွေဖြစ်ကာ သူမအတွက်အကျွမ်းအကျင်ဆုံးအလုပ်ဖြစ်တဲ့ မြူစွယ်ခြင်းနဲ့ ဦးဆွေးရိပ်အချစ်တွေကို ရခဲ့သည်။မေလင်း ကသူငယ်ချင်းအရင်းကြီးဆိုပင်မဲ့ သူမရဲ့ ချမ်းသာချင်စိတ်က သူငယ်ချင်းတွေဘာတွေမသိတော့။ရုတ်တရတ် မေလင်းဆုံးသွားတော့ သူမအတွက်ကံကြမ္မာက အခွင့်အရေးပေးတာကို လက်မလွှတ်ပဲ ဆွေးရိပ်ကမ္ဘာနဲ့ လက်ထပ်ဖြစ်အောင်လုပ်သည်။သူမအကုန်လုံး ဆွေးရိပ်ကမ္ဘာရှာနေတာတွေရပင်မဲ့ လင်ပါသမီးက အိမ်နဲ့ တစ်ခြားလုပ်ငန်းတွေမှန်သမျှလက်ဝါးကြီးအုပ်ထားသည်။သူမတို့သားအမိအကောင်အထည်ဖော်မဲ့ ကိစ္စတွေလည်း လင်းရိပ်ကိုကြောင့် ပျက်စီးခဲ့ရသည်။

ဒါပင်မဲ့ ဘယ်သူမှမထင်မှတ်ထားတဲ့ကိစ္စကို သူမတို့သားအမိကြံစည်နေတယ်ဆို သူတို့သားအမိမှလွဲ၍....။

Ring~~Ring~~Ring

သူဖေဖေအစား Hotel မှာအစည်းအဝေးထိုင်နေတုန်း light ဆီကဖုန်းလာတာကြောင့် သူကိုင်လိုက်သည်။သူဖုန်းပြောမှာမို့ ဝန်ထမ်းတွေကလကါပြကာ ငြိမ်နေခိုင်းလိုက်သည်။

"Hello Light "

".......'

"အင်း ကိုယ်အစည်းအဝေးပြီးရင် company ကိုလာခေါ်လိုက်မယ်နော်"

The Sun Of Flower (S2 + S3)Onde histórias criam vida. Descubra agora