part~26

2.8K 115 9
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_26~~~~🍓

"အိမ်မှာတကယ်မနေချင်တော့ဘူး ဘယ်တော့မှအေးချမ်းတယ်ဆိုတာ မရှိဘူး ပါး"

သူမမနက်ကဖြစ်ပျက်တာတွေကို ပါးကိုပြောပြတော့ သူကသူမကို အထင်မသေးတဲ့အပြင်  *မိဘကဒီလိုလူမျိူးဆိုတိုင်း သားသမီးကဒီလိုလူမျိူးဆိုရင် ခက်ရောပေါ့*တဲ့။

သူမတို့နှစ် Hotel တည်ဆောက်ထားက လူဦးရေများတာရယ် အလုပ်မခိုကြတာတာရယ်ကြောင့် တစ်လကျော်ကျော်နဲ့ Hotel အကြမ်းထည်ပြီးသွားပြီဖြစ်သည်။သူမတို့ဘက်ကအလုပ်သမားအင်အားများသလို နေလက်ရာဘက်လည်း ထက်ထည့်ထားတာကြောင့် အလုပ်သမားဦးရေကလ်ုအပ်တာထက်တောက်ပိုနေသေးသည်။

"တကယ်တော့ Light မိသားစုတိုင်းမှာအိမ်တွင်းရေးဆိုတာရှိပါတယ် ဘာပဲဖြစ်ဖြစ် အရှုံးမပေးနဲ့ Light နောက်မှာကိုယ်ရှိတယ်"

"အင်း အိမ်ဆိုရင်သူများတွေကအမြဲပြန်ချင်နေတာ Light အတွက်ကတော့ အိမ်ဆိုတာ ငရဲပဲ မနက်ကဖြစ်ပျက်နေကြတာမြင်ရတာ မာမီအပေါ်ပိုသနားမိတယ် "

"Light မာမီက Lightကို သူရှိတဲ့နေရာကနေ ပျော်နေစေချင်မှာ သူ့သမီးလေးကိုအပူတွေရှိတာမြင်ချင်မှာမဟုတ်ဘူး ကိုယ်ပြောလို့မှမရတဲ့ ကိစ္စ လွှတ်ထားလိုက်ပါ Light ဒယ်ဒီတစ်နေ့နားလည်လာပါလိမ့်မယ်"

သူမအနားသူရှိနေလို့သာပေါ့ မှီဆီသွားဖို့ကလည်း သူမအားကိုယ်မအား။သူနဲ့ကြအလုပ်အတူတူလုပ်ရတော့ အဆင်ပြေသည်။သူမအရင်လိုတစ်ယောက်ထဲကြိတ်ခံစားစရာမလိုတော့။အခုဆို သူမရင်ထဲခံစားနေရတာတွေဖွင့်ပြောလိုက်တော့ ရင်ထဲမှာထားတာထက်ပိုအဆင်ပြေသည်။

"Hotel အခုပုံကြမ်းရတဲ့အထိ ပါး လိုအပ်ပြောကြည့်ဦး အဆင်မပြေမှာဆိုးလို့"

"အဆင်ပြေပါတယ် အခုအကြမ်းထည်တောင်မှတော်တော်ကြည့်ကောင်းနေပြီ"

"ပါးကကြည့်ကောင်းပင်မဲ့ အန်ကယ်ကိုလည်းလာကြည့်ခိုင်းလိုက်ဦး"

"အင်းကို ဓာတ်ပုံရိုက်သွားလိုက်မယ် ဖေဖေကလာကြည့်ဖို့က တစ်နေ့တစ်နေ့ Company တွေပြေးလိုက် Hotel ပြေးလိုက်နဲ့သူမှာ ညဘက်တောင် 12ကျော်မှအိပ်ရတာ အလုပ်တွေတအားများတာ လာကြည့်အားမှာမဟုတ်ဘူး"

The Sun Of Flower (S2 + S3)Where stories live. Discover now