S3 Chapter 2

2.3K 73 2
                                    


🍭You are my life🍭

Chapter _ 2

"မောင့်ကို သဘာဝပြောစရာရှိတယ် မနက်ကသားလာတုန်းကပြောသွားတာ မောင်ကအပြင်ထွက်သွားလို့"

နေ company မှာ မိန်းမဖြစ်သူယူလာတဲ့ထမင်းနဲ့ဟင်းကိုဆွဲကောင်းနေတုန်း မကပြောတာကြောင့် သူကပြောဆိုတဲ့အဓိပ္ပာယ်နဲ့ခေါင်းငြိမ့်ပြလိုက်သည်။

"မောင်မနက်က သားတို့နဲ့ပါလာတဲ့ကလေးကိုတွေ့လား"

"အင်း တွေ့တယ်အဲတာဘယ်သူလည်း မောင်မသိဘူး"

"အဲဒါ မောင့်သားတွေမွေးစားထားတာတဲ့ သမီးလေးမမွေးခင်ကတည်းက"

မိန်းမဆီကစကားကြောင့် နေစားနေလက်စဇွန်းကိုပန်းကန်ထဲပြန်ချလိုက်ကာ သူ့စားပွဲနားမှာဆော့နေတဲ့သမီးလေးကိုတစ်ချက်ကြည့်လိုက်ရင်း....

"သူတို့ကမွေးစားရအောင် ကလေးမရနိုင်တဲ့သူတွေမှမဟုတ်တာ နေတစင်း ဒီကောင်ဘာတွေလျှောက်လုပ်နေလည်းမသိဘူး....ကိစ္စတစ်ခုကို အကျိူးဆက်ပါဆက်မတွေးဘူး"

"မောင်ရယ် ကလေးကသနားစရာလေးပါ ပြီးတော့ လူရည်သန့်လေး....သားတို့ကလည်း သနားလို့မွေးစားတာပါ"

မ ဘယ်လိုပြောပြောသူခေါင်းရမ်းမိသည်။မိဘကိုမတိုင်ပင်မဲ့ လုပ်ချင်ရာလုပ်လို့ သားဖြစ်သူကိုစိတ်မဆိုးစဖူး ဒီတစ်ခါတော့​တော်တော်ကိုစိတ်ဆိုးသည်။

"နေတစင်း ! ကျစ် ဒီကောင်"

"မောင် ဒါစိတ်ဆိုးစရာကိစ္စမှမဟုတ်တာပဲ ဘာလို့အဲလောက်စိတ်ဆိုးနေတာလဲ.....သဘာဝပြောပြီးသားနော် သားကို မောင်ဆူစရာမလိုဘူး"

"ဒါဆို မောင်ကဖအေတစ်ယောက်အနေနဲ့ သူလမ်းမှားနေတာကို မပြောရဘူးလား"

မောင့်မျက်နားကတည်လာတာကြောင့်စိတ်ဆိုးနေပြီမှန်းသိတဲ့သူမကလည်း အလိုက်တသိ မောင်ရင်ခွင်ထဲဝင်ကာ သူရင်ဘက်ပေါ်လက်လေးတင်လိုက်ရင်း....

"မောင့်သားက သူများကိုသနားတက်တဲ့စိတ်ရှိတာ မောင်ရော သဘာဝရောသိတယ်လေ မောင်ရယ်.....စိတ်မဆိုးပါနဲ့နော် မိဘကစိတ်ကွက်ရင် သားသမီးအတွက်မကောင်းဘူးမောင်ရဲ့"

The Sun Of Flower (S2 + S3)Where stories live. Discover now