part~14

2.9K 117 7
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_14~~~~

"မောင် သားပြောလိုက်တာလွန်တယ်နော် ဟိုက စေတနာနဲ့ပြောတာကို ဒီကောင်လေးဆူထားဦးမှ"

ခြယ်လေး သားစကားကြောင့် စိတ်မကောင်းဖြစ်ပြီး ပြန်သွားတာကို သူမက အခန်းထဲရောက်တယ်ဆို မောင်ကိုပြောတော့....

"မောင်ကတော့ သားကိုမမှားဘူးထင်တာပဲ"

သူအလုပ်စားပွဲပေါ်နားက ခုံပေါ်ထိုင်ရင်း ကုတင်ပေါ်ထိုင်နေတဲ့ မကိုပြောလိုက်သည်။သားပြောတဲ့အထဲ သူနားထောင်ရသလောက်ကတော့ အမှားမှမပါပဲလေ။သားက သူနဲ ဝတ်ပုံစားပုံတင်တူတာမဟုတ် စိတ်နေစိတ်ထားပါတူသော သားကိုသူနားလည်သည်။

"မောင့်သားက မဟုတ်ရင်မဟုတ်ကြောင်း အေးဆေးမပြောဘူးလေ"

"ဒါကတော့ မရယ် သားကမောင်နဲ့အကုန်တူတယ်  ကိုယ်ကလည်း သူများတကာကိုဆရာမလုပ်ဘူး သူများဆရာလာလုပ်တာလည်း မကြိုက်ဘူးလေ"

သူမ သားဘက်ရပ်ပြီးပြောနေတဲ့ မောင်ရှေ့ကိုလျှောက်သွားကာ..

"သားပုံစံကို အခုလိုအခုမမြင်ဘူးတော့ တစ်မျိုးပဲ မောင်"

"သား နဲ့ မောင်မတူတာကအဲ့အချက်ပဲ မ သားကသူစိတ်ဘယ်လိုရှိကြောင်း တော်ယုံမဖော်ပြတက်ဘူး မောင်ကတော့ စိတ်ဆိုးဒေါသထွက်လွယ်တယ်ပြောရမယ် တစ်ခုခုဆိုကိုကအရင် လက်ပါတက်တာမျိူးပေါ့ စိတ်ထက်လက်ကပိုမြန်တယ်"

"ဘာလည်း လူဆိုးဖြစ်ခဲ့တဲ့အချိန်တွေကို သတိရနေတာလား"

မကပြုံးပြီး မေးလာတာကြောင့်...

"လာ မောင်ပြောပြမယ် မက်တပ်ရပ်နေတာ ညောင်းနေမယ်"

သူရှေ့ကရပ်နေတဲ့ မကို သူပေါင်ပေါ်ထိုင်စေလိုက်လိုက်ပြီး သူမခါးကိုဖက်ကာ....

"အင်း လူဆိုးဖြစ်ခဲ့တဲ့အချိန်ထက် မကိုပထမဆုံးတွေ့တဲ့အချိနိကိုပိုသတိရတယ် တကယ်မောင်တို့ပျော်ခဲ့ကြတာ သားတောင်20ဖြစ်နေပြီလေ"

အရင်အကြောင်းတွေ သူငယ်ပြန်နေတဲ့မောင်ကြောင့် သူမရီမိသွားကာ အသံထွက်သွားတော့ မောင်က....

The Sun Of Flower (S2 + S3)Where stories live. Discover now