part~7

3.7K 133 6
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞

Part_7

"ဟင်!!"

သူမတို့ ရုံးခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့လူရှိတာကြောင့် နမ်းနေတာရပ်လိုက်ပြီး ကြည့်လိုက်တော့...

"လူကြီး ရုံးခန်းတောင်မရှောင်ပါလား ဒါဆို လွှာလည်း ကြိုးစားရမဲ့နည်းသိသွားပြီ"

နေ မနားထိုင်နေရာကထလာပြီး ထိုမိန်းမရှေ့ရပ်ကာ...

"မင်းစည်းကမ်းဆိုတာ ဘာလဲနားမလည်ဘူးလား ဒါရုံးခန်း မင်းလုပ်စားနေတဲ့ နေရာမဟုတ်ဘူး!!"

နေစကားတွေက ရိုင်းတယ်ဆိုထက် နူးညံမူတစ်စက်ကလေးမှမပါ။သူယောကျာ်းလေးတွေလိုက်ကပ်တဲ့ မိန်းမတွေကိုမကြိုက်။ပိုင်ရှင်ရှိတာသိသားနဲ့ ကြောင်တောင်နှိုက်ချင်တဲ့ မိန်းမတွေဆိုပိုဆိုး။

မောင်စကားက တစ်ဖက်မိန်းကလေးကို ဟိုအောက်ဆုံးအဆင့်ထိဆွဲချလိုက်တာမို့ သူထက်ပိုမလာခင် သူမထိုင်နေရာမှထလိုက်ပြီး မောင့်ဘေးယှဥ်ရပ်ကာ....

"နောက်ယှက်တယ်ဆိုတာတော်ယုံပဲကောင်းတယ်လို့ထင်တယ်"

လွှာ လူကြီးမိန်းမကို ဆရာကြီးလုပ်လွန်းလို့ တစ်စက်မှကြည့်မရ။နဂိုကတည်းက ကိုယ့်ကိုနည်းနည်းလေကျောတာတောင်ကိုက ပိုလုပ်ပြစ်တာ အခုလည်းမခံပါဘူး။

"ရှင် နေရာတကာမပါနဲ့"

"အေး အဲစောက်စကားက ငါ့မိန်းမကမင်းကိုပြောရမှာ"

လွှာကတော့ လူကြီးဘာပြောပြောသဘောကျတာမို့ အပြုံးမပျက်ပေ။သိပ်ချစ်မိတော့လည်း ဘာမဆို အပြစ်မမြင်တက်တော့တာထင်ပါရဲ့ လူကြီးရယ်။

"လွှာ ချစ်တာလူကြီးဖြစ်တဲ့အတွက် လူကြီးပြောတာပဲခံနိုင်မယ် ဘေးလူတွေပြောတာမခံနိုင်ဘူး"

"အေး မခံနိုင်ရင်ငါနဲ့လာမပက်သက်နဲ့ ငါနဲ့ပက်သက်ဖို့ကြိုးစားတိုင်း ငါ့မိန်းမနဲ့တွေ့ရမှာပဲ အပြောမခံနိုင်ရင်မပက်သက်နဲ့ ငါလိုကောင်က မင်းလိုမိန်းမပျက် အော် အဲထက်သာမယ်ထင်တယ် စိတ်ကိုမဝင်စားတာ ရှင်းလား"

The Sun Of Flower (S2 + S3)Where stories live. Discover now